NewsPolitic

ကျောက်တော်က ကိုယ်ပိုင်ကျောင်းကို စကမ ဗုံးကြဲလို့ ကျောင်းသား/သူ ၁၈ ဦး သေဆုံး၊ ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၂ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကော်မရှင်က ဒီကနေ့မနက် ၁ နာရီကျော်တွင် ဗုံးကြဲချလို့ ကျောင်းသား/သူ ၁၈ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာ ပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

“ ပေါင် ၅၀၀ ဗုံး ၂ လုံး ကျတယ်။ ပညာပန်းခင်းကျောင်းရှေ့ကို တည့်တည့်ကျတယ်။ ကျောင်းမှာ စာသင်နေတဲ့ ကလေးတွေနဲ့ အနီးပတ်ဝန်းကျင်က ကလေးတွေ သေဆုံးကြတယ်။ ဒဏ်ရာရတဲ့ ကလေးတွေလည်း စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်” လို့ ကျောက်တော်မြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆက်လက် တင်ဆက်ပေးပါမယ်။

Photo – APM

Related posts

မြောက်ဦး ဆေးရုံကို စကမ ဗုံးကြဲတဲ့အပေါ် ရှုတ်ချကြောင်း အရွယ်စုံ Arakan Ladies ထုတ်ပြန်

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၉-က)

Rakhita Times

စစ်တွေမှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ သူခိုးတွေ သောင်းကျန်းနေ

Rakhita Times

Leave a Comment