NewsPolitic

ရသေ့‌တောင်မြို့နယ် ဗုံးကြဲခံရမှု နေအိမ်နှစ်ဆောင်ထက်မနည်း ပျက်စီး

အာရက္ခတိုင်းမ်စ် (၁၃ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ရသေ့‌တောင်နဲ့ ပေါက်တောမြို့နယ်ကို စစ်ကော်မရှင်က ယမန်နေ့ ညနေနဲ့ ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) မနက် အစောပိုင်း ၁၂ နာရီ ၁၈မိ နစ်ခန့်မှာ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် က ထုတ်ပြန်ထားပါတယ်။

“ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် ၁၂ နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုအတူ ( ၁၂ : ၁၈) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ပတ်ဝန်းကျင်ကိုလည်းကောင်း၊ (၁၂ : ၂၀) နာရီအချိန်တွင် ရသေ့တောင်မြို့နယ် ရေပိုက်ဆုံ (ရီပိုက်ဆုံ) ကျေးရွာကိုလည်းကောင်း ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးတလုံးစီ လာရောက် ကြဲချ တိုက်ခိုက်ခဲ့သည်” လို့ AA က ဆိုပါတယ်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းဒေသ၊ ရေပိုက်ဆုံကျေးရွာက နေအိမ်နှစ်ဆောင်နဲ့ စာသင်ကျောင်းတို့မှာ အနည်းငယ် ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

“နေအိမ်နှစ်ဆောင် လုံးဝ ပျက်စီးသွားပါတယ်။ စာသင်ကျောင်း အနီးအနားမှာ ကျတဲ့အတွက် စာသင်ကျောင်းလည်း အနည်းငယ် ပျက်စီးသွားပါတယ်” လို့ ရသေ့တောင်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်တွင် အဆိုပါ ပစ်ခတ်မှုအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရ လူနာများ အခြေအနေကို ထပ်မံ တင်ပြပေးသွားမယ်လို့ အာရက္ခတပ်တော် က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်) ည ၉နာရီမှ စတင်ပြီး ရက္ခိုင်ပြည်အတွင်းရှိ မြိုနယ်လေးမြို့နယ်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် က ထုတ်ပြန်ခဲ့ပါတယ်။

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာ၊ ဝါဘိုရွာဝန်းကျင်၊ ပေါက်တောမြို့နယ်၊ သဲခုံရွာဝန်းကျင်နဲ့ မြောက်ဦးမြို့နယ်၊ ရဲတပ်ရင်း (၃၁) ဝန်းကျင်တို့ကို လေကြောင်းကနေ Cluster ဗုံးအပါအဝင် ရော့ကတ်များနဲ့ တိုက်ခိုက်ခြင်းတွေကို ပြုလုပ်ခဲ့ပြီး ည (၁၀) နာရီ (၅၀) မိနစ်မှာတော့ ရသေ့တောင်မြို့နယ်၊ အငူမော် နဲ့ မူစဲကျွန်းဝန်းကျင်ကို ဆက်လက် တိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။

ဒေသခံများအနေနဲ့ လေကြောင်းရန်ကို အထူးသတိထားကြရန်လည်း အာရက္ခတပ်တော် က သတိပေးထားပါတယ်။

Related posts

ဗုံးကြဲတိုက်ခိုက်မှုတွင် ၃၃ ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့ကြောင်း AA အတည်ပြု

Rakhita Times

ဘင်္ဂလား‌ဒေ့ရှ်မှာ ဆန္ဒပြတဲ့ ရက္ခိုင်မျိုးနွယ်စုဝင် ကျောင်းသားတွေကို အာဏာပိုင်တွေ ပစ်ခတ်ဖြိုခွင်း

Rakhita Times

ငသိုင်းချောင်း အမြောက်တပ်ကို AA ထိုးစစ်ဆင်

Rakhita Times

1 comment

Leave a Comment