NewsPolitic

ငလုံးစုရွာ ဗုံးကြဲမှုဖြစ်စဉ်အတွင်း တဦး ထပ်မံ သေဆုံး

အာရက္ခတိုင်းမ်စ်(၁၆ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ငလုံးစု အထက်ရွာနဲ့ အောက်ရွာ ဗုံးကြဲမှု ဖြစ်စဉ်အတွင်း ဒဏ်ရာရသူတွေအနက် တဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်၊ ညပိုင်းမှာ စစ်ကော်မရှင်က ဗုံးကြဲခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၁၆ ဦး အနက် တဦး ထပ်မံ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူဟာ ‌ကျောက်ဖြူမြို့၊ ငလုံးစု အောက်ရွာ နေထိုင်သူ အသက် ၄၀ အရွယ်ရှိ ဦးမောင်သန်းကြည် ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်၊‌ နေ့လည် ၁ နာရီခန့်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

“ ဒဏ်ရာရသူတွေထဲ အမျိုးသားတဦး ထပ် ဆုံးသွားတာပါ။ ကျန်တဲ့ ဒဏ်ရာရသူတွေလည်း စောင့်ကြည့်ဆဲ အခြေနေပါ” လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီဖြစ်စဉ်မှာ အမျိုးသား ခြောက်ဦး နဲ့ အမျိုးသမီး သုံးဦး စုစုပေါင်း သေဆုံးသူ ကိုးဦးရှိပြီဖြစ်ပြီး အသက် ၁၇ နှစ် ကနေ အသက် ၈၇ အရွယ်ထိ ပါဝင်ပါတယ်။

Related posts

ပလက်ဝတွင် မီးလောင်လို့ နေအိမ် ၁၀ လုံး ပျက်စီး

Rakhita Times

တောင်ကုတ်တွင် သူခိုး နဲ့ သူခိုးလက်ခံ ၂၉ ယောက် DLEPS ဖမ်းဆီးရမိ

Rakhita Times

စစ်ကိုင်းတွင် AA ရောက်ရှိနေလို့ မင်းအောင်လှိုင် ကိုယ်တိုင် ဟုမ္မလင်းသွား စည်းရုံးရေးဆင်း

Rakhita Times

5 comments

Leave a Comment