NewsPolitic

ငလုံးစုရွာ ဗုံးကြဲမှုဖြစ်စဉ်အတွင်း တဦး ထပ်မံ သေဆုံး

အာရက္ခတိုင်းမ်စ်(၁၆ ဒီဇင်ဘာ ၂၀၂၅)
‌
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ငလုံးစု အထက်ရွာနဲ့ အောက်ရွာ ဗုံးကြဲမှု ဖြစ်စဉ်အတွင်း ဒဏ်ရာရသူတွေအနက် တဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်၊ ညပိုင်းမှာ စစ်ကော်မရှင်က ဗုံးကြဲခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၁၆ ဦး အနက် တဦး ထပ်မံ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူဟာ ‌ကျောက်ဖြူမြို့၊ ငလုံးစု အောက်ရွာ နေထိုင်သူ အသက် ၄၀ အရွယ်ရှိ ဦးမောင်သန်းကြည် ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်၊‌ နေ့လည် ၁ နာရီခန့်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

“ဒဏ်ရာရသူတွေထဲ အမျိုးသားတဦး ထပ် ဆုံးသွားတာပါ။ ကျန်တဲ့ ဒဏ်ရာရသူတွေလည်း စောင့်ကြည့်ဆဲ အခြေနေပါ” လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီဖြစ်စဉ်မှာ အမျိုးသား ခြောက်ဦး နဲ့ အမျိုးသမီး သုံးဦး စုစုပေါင်း သေဆုံးသူ ကိုးဦးရှိပြီဖြစ်ပြီး အသက် ၁၇ နှစ် ကနေ အသက် ၈၇ အရွယ်ထိ ပါဝင်ပါတယ်။

Related posts

မင်းပြားနဲ့ ပုဏ္ဏားကျွန်းကို စကမ တပြိုင်တည်း ဗုံးကြဲ

Rakhita Times

ပလက်ဝတွင် ဝမ်းပျက် ဝမ်းလျော ရောဂါဖြစ်ပွားနေ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အ‌ရေးပေါ် ဆေးကုသပေး

Rakhita Times

အာရက္ခရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်နေသူတွေကို အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီ

Rakhita Times

237 comments

Leave a Comment