NewsPolitic

ပလက်ဝတွင် မီးလောင်လို့ နေအိမ် ၁၀ လုံး ပျက်စီး

အာရက္ခတိုင်းမ်စ် (၂၄ ဖေဖော်ဝါရီ ၂၀၂၆)

ပလက်ဝမြို့နယ်၊ တွီကင်းဝရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည်က မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၁၀ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည် ၃ နာရီခန့်တွင် ပလက်ဝမြို့နယ်၊ တွီကင်းဝရွာနေ ဦးကျော်သာဦးက အိမ်တွင် ရေနွေးကြိုရာကနေ ဘေးက ဝါးထံရံကို မီးလောင်ရာကနေ ကူးစက်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“နေ့ခင်း နေ့လည်ဖြစ်တော့ လေကလည်း မငြိမ်ဘူးလေ။ ရွာကသူတွေ ကူညီပြီး ငြိမ်းသတ်ကြတာပဲ၊ ဒါပေမယ့် မီးအရှိန်ကို လျော့အောင်ပဲ လုပ်နိုင်တာ။ မီးသတ်ကားလာမှပဲ အကုန် ငြိမ်းသွားတာ” လို့ ပလက်ဝမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ မီးလောင်မှုကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ မီးသတ်ဌာနနဲ့ ရွာသူ ရွာသားများ ဝိုင်းဝန်းကူညီ ငြိမ်းသတ်မှုကြောင့် ညနေ ၅ နာရီခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစလောင်ခဲ့တဲ့ အိမ်ရှင်ဖြစ်သူ ဦးကျော်သာဦးကို တရားဥပဒေစိုးမိုးရီးနဲ့ ပြည်သူ့လုံခြုံရီးဌာန (DLEPS) က ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Related posts

ကပစ ၁၆ နီးရှိ ကာကင်းစခန်း ၇ ခုအထိ AA သိမ်းပိုက်

Rakhita Times

ရက္ခိုင်စစ်ရှောင်တွေအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်း လုံလောက်မှုမရှိ၊ ဆေးဝါးအခက်အခဲရှိနေ

Rakhita Times

ပုဏ္ဏားကျွန်း ယိုးငူရွာကို စကမဗုံးကြဲ အရပ်သားပြည်သူ ၁၂ ဦး သေဆုံး၊ ၂၀ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရ (Breaking News)

Rakhita Times

16 comments

Leave a Comment