အာရက္ခတိုင်းမ်စ် (၁၉ ဒီဇင်ဘာ ၂၀၂၅)
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ လူနာတွေ၊ ဒေသခံတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံတွေ့နေရတယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။
“ လတ်တလော သူတို့အခက်အခဲက ပိုဆိုးသွားတာပေါ့။ ဆိုးသွားတာက အနိဌာရုံကို သူတို့ မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့လူတွေမို့လို့ သူတို့စိတ်ထဲမှာ ဆေးရုံဆိုတာ ကြောက်စရာနေရာတခု ဖြစ်သွားတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်ဗျ။ အဲဒါကြောင့် ဒီကြားထဲမှာ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတွေ လုပ်ပေးဖို့ အရေးတကြီး လိုအပ်နေတဲ့ အပိုင်းတွေ ရှိပါတယ်။ ပြီးတော့ ခုနဆေးရုံ ရက္ခိုင်မှာ အဓိက အားကိုးအားထားပြုရတဲ့ ဆေးရုံကို ပစ်ခတ်ခံလိုက်ရတော့ ဒီဆေးဝါးဆိုင်ရာ ကုသမှုအပိုင်းရယ် ပြီးတော့ ဆေးဝါးတွေ ပျက်စီးသွားတဲ့ဟာအတွက်တော့ တော်တော်လေး နှမြောဖို့ ကောင်းပါတယ်။ ဒီရက်ပိုင်းတွေကတော့ လက်ရှိ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အပိုင်းလို့ ပြောရင်ရပါတယ်” လို့ စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ ဗုံးကြဲမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၃၃ ဦးထိရှိခဲ့ပြီး အသက်အငယ်ဆုံးအနေနဲ့ သုံးလသားအရွယ် ကလေးငယ်ကနေ အသက်အကြီးဆုံးအဖြစ် ၆၇ နှစ်အရွယ်ထိ အမျိုးသား ၁၆ ဦး နဲ့ အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူတွေအနက် ရက္ခိုင်လူမျိုးများအပြင် မူဆလင်လူမျိုး ငါးဦးလည်း ပါဝင်ပြီး ရက္ခိုင်ပြည်၊ ရသေ့တောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ တောင်ကုတ်၊ မအီနဲ့ မြေပုံမြိ့းနယ်တွေက လာရောက် ဆေးကုသရင်း သေဆုံးခဲ့ရတာဖြစ်တယ်လိ့း အာရက္ခတပ်တော် က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိသူများ ၇၇ ဦးရှိပြီး အသက် ၁၅ နှစ် ကနေ အသက် ၆၈ နှစ်အရွယ်ထိ အမျိုးသား ၂၉ ဦး နဲ့ အမျိုးသမီး ၄၈ ဦး ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ ဒဏ်ရာရရှိခဲ့သူ ၇၇ ဦးအနက် ၁၆ ဦးရဲ့ အခြေအနေမှာ ပြင်းထန် စိုးရိမ်ရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့ သက်ဆိုင်ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေးဌာနတွေနဲ့ HDCO ကတဆင့် ဖြစ်စဉ်မှာ သေဆုံးသွားခဲ့တဲ့လူနာ တဦးကို ငွေကျပ် ၁၀သိန်းစီ စုစုပေါင်း ကျပ်သိန်း ၃၃၀ နဲ့ ထိခိုက်ဒဏ်ရာရတဲ့ လူနာတဦးကို ငွေကျပ် ၁၀ သိန်းစီ စုစုပေါင်း ကျပ်သိန်း ၇၇၀ ကို ဒီဇင်ဘာ ၁၈ ရက်မှာ လှူဒါန်းပေးခဲ့တယ်လို့လည်း စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

9 comments
купить кабель 16 кабель магазин минск
ноты в парфюмерии https://elicebeauty.com/parfyumeriya/nishevaya-parfyumeriya/asgharali-misal.html
Curious about the weather vremenska prognoza Podgorica today. Detailed 7- and 10-day forecasts, including temperature, wind, precipitation, humidity, and pressure. Up-to-date information on the climate and weather conditions in Podgorica for travel and leisure.
Когда ищешь проверенные казино без верификации, главное – не попасть на сайты с “сюрпризами”: то вывод режут, то правила меняются на ходу, то поддержка пропадает. Чтобы не тратить время на перебор и ошибки, мы ведем Telegram-канал с подборками и краткими разбором условий: где проще старт, какие лимиты на вывод, какие платежные методы реально проходят и что сейчас работает стабильно. Ссылка на канал: https://t.me/s/rating_casino_russia/20
Качественное SEO https://outreachseo.ru продвижение сайта для бизнеса. Наши специалисты предлагают эффективные решения для роста позиций в поисковых системах. Подробнее об услугах и стратегиях можно узнать на сайте
ремонт ванна ванной цена ремонт ванной комнаты под ключ
Обновления по теме: https://konfetur.ru/lico/2426-%D0%BA%D1%80%D0%B5%D0%BC-%D0%BF%D1%83%D0%B4%D1%80%D0%B0-%D1%82%D0%BE%D0%BD%D0%B0%D0%BB%D1%8C%D0%BD%D0%B0%D1%8F-creme-puff.html
внутренний дизайн проект дома загородный дом дизайн интерьера
Все самое свежее здесь: https://teletype.in/@dezavtor/9otuaxltup5