NewsPolitic

မောင်တောတွင် ၇၅ ကြိမ်မြောက် သျှီဝရာသ်ရီး ပွဲတော် ကျင်းပ

အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကမ်းခြီရှိ ရာမတောင်တွင် ပြုလုပ်တဲ့ ဟိန္ဒူဘာသာဝင်များရဲ့ (၇၅) ကြိမ်မြောက်  သျှီဝရာသ်ရီး ဘုရားရေချိုးပွဲကို  ဖေဖော်ဝါရီလ (၁၆) ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဟိန္ဒူဘာသာဝင်များအပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသားတရပ်လုံး ငြိမ်းချမ်း၊ ပျော်ရွှင်မှုတွေ ရရှိစေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီလ (၁၅) ရက် ရောက်တိုင်း ဟိန္ဒူဘာသာဝင်များအနေနဲ့ သျှီဝရာသ်ရီး ဘုရားကို နွားနိုရည်များဖြင့် (၂) ရက်တိုင်တိုင် ဘုရားရေချိုး ဆုတောင်းပွဲများ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ဘုရားရေချိုးပွဲကို အနယ်နယ်အရပ်ရပ်က ဟိန္ဒူဘာသာဝင်များ လာရောက် ဆုတောင်းပြီး ဘုရားပွဲရောက်ရှိသူများအနေနဲ့ ဥပုဒ်စောင့်ခြင်း၊ သတ်သတ်လွတ်စားခြင်း၊ မီးထွန်းဆုတောင်းခြင်း၊ပရိတ်ရွက်ဖတ်ပူဇော်ခြင်း အပါအဝင် နောက်ဆုံးတွင်   သျှီဝရာသ်ရီးဘုရားကို နွားနို့များဖြင့် ရေချိုးပူဇော်မှုများကို ဖေဖော်ဝါရီလ (၁၅) ရက်ကနေ (၁၆) ရက်အထိ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

သျှီဝရာသ်ရီး ဘုရားရေချိုးပွဲကို ဟိန္ဒူဘာသာဝင် (၄ဝ၀) ခန့် လာရောက်ခဲ့ကြပြီး မိသားစုဝင်များ ၊ အိမ်ထောင်သည်များအနေနဲ့ အတူတကွ လာရောက် ရေချိုးပေးခြင်းဖြင့် အလုပ်အကိုင် အဆင်ပြေခြင်း၊ ပညာရေး၊ စီးပွားရေးများ အောင်မြင်ခြင်း စတဲ့ ကောင်းခြင်းမင်္ဂလာများဲ့့ ပြည်စုံခြင်းကြောင့် ဟိန္ဒူဘာသာဝင်များ အထွဋ်တမြတ်ထားတဲ့ ဘုရားပွဲတခုလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၃) ရက်ကလည်း မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြီအတွင်း ဟိန္ဒူဘာသာဝင်များအနေနဲ့ မဟာရာမယန ဟရီနမ”ရာမ” အသံမစဲ ပဋ္ဌာန်းပွဲတော်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Ref & Photo – Arakan Princess Media

Related posts

ရက္ခိုင်တပြည်လုံး ပုဂ္ဂလိကဘဏ် လည်ပတ်မှု ရပ်ဆိုင်း

Rakhita Times

မင်းပြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူတဦးကို ဒီလပ် ဖမ်းဆီးရမိ

Rakhita Times

ရက္ခိုင်ပြည် တောင်ကုတ်မြို့ တောင်ကုတ်ဟိုတယ် ပတ်ဝန်းကျင်ကို စစ်ကောင်စီရဲ့ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်

Rakhita Times

Leave a Comment