HealthNewsPolitic

လင်းသာဗုံးကြဲမှုဖြစ်စဉ်မှ အသက် ၅၀ ကျော် အမျိုးသားတဦး ထပ်မံသေဆုံး

အာရက္ခတိုင်းမ်စ် (၆ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ ငပလီမြို့၊ လင်းသာရပ်ကွက် ဗုံးကြဲမှုဖြစ်စဉ်မှ အသက် ၅၀ ကျော် အမျိုးသားတဦး ထပ်မံသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ သေဆုံးသူဟာ အသက် ၅၄ နှစ်အရွယ်ရှိ ဦးဝင်းနိုင်ဆိုသူဖြစ်ပြီး မနေ့က ဇန်နဝါရီလ ၅ ရက်၊ ည ၇နာရီခန့်မှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ငပလီမြို့ရှိ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးကို ဒီဇင်ဘာ ၂၉ ရက်၊ ည ၈ နာရီမှာ စစ်ကော်မရှင်က လေကြောင်းက‌ နှစ်ကြိမ်တိုင်တိုင် ပေါင် (၅၀၀) ဗုံး လေးလုံးကို ကြဲချခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အဆိုပါ ဖြစ်စဉ်အတွင်း အသက် ၄ နှစ် မှ အသက် ၅၄ နှစ်အရွယ်ရှိ ကျား ခြောက်ဦး နဲ့ မ လေးဦး စုစု‌ပေါင်း ဆယ်ဦး သေဆုံးခဲ့ပါတယ်။ ‌သေဆုံးသူတွေအနက် မိသားစု ငါးဦးစလုံး သေဆုံးခဲ့ကြရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အသက် ၃နစ်အရွယ်ရှိ အေးသန္တာခိုင်ကိုတော့ ဗုံးကြဲခံရမှုဖြစ်စဉ်ပြီး ၁၂ နာရီအကြာမှာ ကယ်ထုတ်နိုင်ခဲ့ပြီး ကလေးငယ်ရဲ့မိခင်ဖြစ်သူဟာ ဗုံးကြဲမှုဖြစ်စဉ်မှာ သေဆုံးခဲ့သလို ဖခင်ဖြစ်သူ‌ကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Related posts

ကျောက်ဖြူကို စကမ နေဗီက လက်နက်ကြီးပစ်လို့ အမျိုးသားတဦး ဒဏ်ရာရ

Rakhita Times

တိုင်းရင်းသားတွေကို ပြည်ထောင်စု ဦးဆောင်ခွင့် ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူး

Rakhita Times

ပလက်ဝကို စကမ ဗုံး ၃ လုံး ကြဲ

Rakhita Times

Leave a Comment