BusinessNewsPolitic

ပေါက်တောက မွတ်ဆလင်ရေလုပ်သား ၆ ဦးကို စကမ ထပ်မံဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၉ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ရေလုပ်သား ၆ ဦးကို စစ်ကော်မရှင်က ဇန်နဝါရီလ ၂၇ ရက် က ထပ်မံဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“ စားဝတ်နေရေးအရ စစ်တပ်ရန်ကြောက်နေရပေမယ့် ငါးဖမ်းထွက်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတာလေ။ သူတို့တွေက ဆံတော်ရှင်ကျွန်းနားမှာ ငါးဖမ်းနေစဉ် စစ်တပ်ကဖမ်းဆီး စစ်တွေကို ခေါ်ဆောင်သွားတယ်” လို့ ပေါက်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ရေတပ်က ဖမ်းဆီးခြင်းရသူတွေကတော့ ရက္ခိုင်ပြည် ပေါက်တောမြို့နယ် အနောက်ရဲ မွတ်စလင်ရွာနေ အသက် ၂၀ နှစ်အရွယ် ယာမာမောက်၊ အသက် ၂၅ နှစ်အရွယ် ချောချီလာမီး၊ သက်ကယ်ပြင်အောက်ရွာနေ အသက် ၂၅ နှစ်အရွယ် မာမောက်အာရော၊ နတ်ချင်းရွာနေ အသက် ၂၆ နှစ်အရွယ် ခေါရီမာလီ၊ အသက် ၂၆ နှစ်အရွဘ် ဆားရူလာမာန် နဲ့ အသက် ၃၆ နှစ်အရွယ် အော်ဇီရာမာန် တို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဟာ ပေါက်တောမြို့နယ်က မွတ်ဆလင်ရေလုပ်သား ၆ ဦးနဲ့အတူ ငါးဖမ်းလှေတွေကိုလည်း စစ်တွေမြို့ကို ဖမ်းယူသွားပြီး မွတ်ဆလင်ရေလုပ်သား ၆ ဦးကို အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်ကလည်း ပေါက်တောမြို့နယ် ဆင်တက်မော်ရွာက မွတ်ဆလင်ရေလုပ်သား ၂၈ ဦးနဲ့အတူ ငါးဖမ်းလှေ ၃ စီး လည်း ဖမ်းဆီးခဲ့ပါသေးတယ်။

Related posts

ပလက်ဝ၊ တောင်ကုတ်နဲ့ အမ်းက ပြည်သူ ၃ ထောင်ကျော်ကို HDCO ဆန် လှူဒါန်း

Rakhita Times

တိုင်းရင်းသားတွေကို ပြည်ထောင်စု ဦးဆောင်ခွင့် ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူး

Rakhita Times

ကျောက်တော် မြောက်ဦးမှာ ပိုက်ဆံ ရာတန်တွေ အသုံးမဝင်သလို ဖြစ်နေ

Rakhita Times

Leave a Comment