EducationNewsPolitic

ရက္ခိုင်တွင် အစ္စလာမ်ဘာသာရေး ထူးချွန်ဆုပေးပွဲ ကျင်းပ

အာရက္ခတိုင်းမ်စ် (၁ ဖေဖော်ဝါရီ ၂၀၂၆)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတခုတွင် အစ္စလာမ်ဘာသာရေးဆိုင်ရာ ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်က ကျင်းပခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူများ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ ကျောင်းသား ကျောင်းသူများနဲ့ ဒေသခံလှယ်များ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

“ ကျောင်းသား တယောက်ဆိုရင် ဘာသာပေါင်းစုံမှာ အမှတ်ပြည့်ရပြီးတော့ ဂုဏ်ထူးနဲ့အောင်တာ ၆၁ ယောက် ရှိပါတယ်” လို့ အဆိုပါ အခမ်းအနားကို တက်ရောက်ခဲ့သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အစ္စလာမ်ဘာသာရေးကျောင်းများတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်က စတင်ကာ ဘာသာရပ် ၆ ခုကို ကျောင်းသား ကျောင်းသူ စုစုပေါင်း လေးရာကျော် ဖြေဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဆိုပါ ဖြေဆိုသူ လေးရာကျော်အနက် ကျောင်းသား ကျောင်းသူ ၃၂၀ အောင်မြင်ခဲ့ပြီး ထူးချွန်သူများကိုလည်း ဆုချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်ဖြူစစ်ရှောင်တွေအတွက် သောက်သုံးရေ အခက်အခဲရှိနေ

Rakhita Times

နမ့်ဆန်ကို စကမ ဗုံး ၁၁ လုံးကြဲချပြီး ၁ ဦးသေ ၅ ဦးဒဏ်ရာရ

Rakhita Times

ကျောက်တော်ကို ဗုံးကြဲလို့ သေဆုံး ထိခိုက်သူ စာရင်း

Rakhita Times

Leave a Comment