EducationNewsPolitic

ရက္ခိုင်တွင် အစ္စလာမ်ဘာသာရေး ထူးချွန်ဆုပေးပွဲ ကျင်းပ

အာရက္ခတိုင်းမ်စ် (၁ ဖေဖော်ဝါရီ ၂၀၂၆)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတခုတွင် အစ္စလာမ်ဘာသာရေးဆိုင်ရာ ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်က ကျင်းပခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူများ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ ကျောင်းသား ကျောင်းသူများနဲ့ ဒေသခံလှယ်များ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

“ကျောင်းသား တယောက်ဆိုရင် ဘာသာပေါင်းစုံမှာ အမှတ်ပြည့်ရပြီးတော့ ဂုဏ်ထူးနဲ့အောင်တာ ၆၁ ယောက် ရှိပါတယ်” လို့ အဆိုပါ အခမ်းအနားကို တက်ရောက်ခဲ့သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အစ္စလာမ်ဘာသာရေးကျောင်းများတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်က စတင်ကာ ဘာသာရပ် ၆ ခုကို ကျောင်းသား ကျောင်းသူ စုစုပေါင်း လေးရာကျော် ဖြေဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဆိုပါ ဖြေဆိုသူ လေးရာကျော်အနက် ကျောင်းသား ကျောင်းသူ ၃၂၀ အောင်မြင်ခဲ့ပြီး ထူးချွန်သူများကိုလည်း ဆုချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

သံတွဲတွင် လိုင်စင်မရှိဘဲ ဆေးရောင်းချနေတဲ့ ဆေးဆိုင် ၅ ဆိုင်ကို AA သတိပေး

Rakhita Times

ပုဏ္ဏားကျွန်း တိုက်ပွဲရှောင်စခန်းတွင် ၂ လအတွင်း ကိုယ်ဝန်ပျက်ကျသူ ၃ ယောက် ရှိနေ

Rakhita Times

စစ်တကောင်းကျောင်းသားသမဂ္ဂ နဲ့အတူ ရပ်တည်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဆန္ဒထုတ်ဖော်

Rakhita Times

93 comments

Leave a Comment