NewsPolitic

ကျောက်ဖြူတွင် စကမ နေဗီက လက်နက်ကြီးပစ်လို့ အရပ်သားတဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလ ၃၀ ရက် ညနေဖက်က စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ညနေ ၅ နာရီကျော်လောက်က ဇင်ချောင်းဖက်မှာ ရပ်ထားတဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်တယ်။ လက်နက်ကြီးကျည်ထိလို့ အမျိုးသားတယောက် ပွဲချင်ပြီး သေဆုံးသွားတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နေဗီကနေ ပစ်ခတ်လို့ သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွယ်ရွာနေ အသက် ၄၅ နှစ်အရွယ် ဦးမောင်ဖြူစိုး (ခ) ခင်မောင်ထွေး ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်ကလည်း စစ်ကော်မရှင်က ဒရုန်းနဲ့ လာရောက်ဗုံးကြဲချခဲ့လို့ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် လသားကလေးငယ် အပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။

အလားတူ ဇန်နဝါရီလ ၂၂ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကုန်းဘောင်ကြီးရွာကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ လာရောက်ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

Related posts

ရက္ခိုင်ကိုပို့မယ် စိတ်ကြွဆေးပြား ၁၄ သန်းကျော် ဖမ်းမိလို့ စကမ ဆို

Rakhita Times

စစ်တွေနဲ့ ကျောက်ဖြူကို လေယာဉ်ပြေးဆွဲပေမယ့် ခရီးသွားရှားပါးနေ

Rakhita Times

ကျောက်တော် သရက်တပင်ရွာ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကော်မရှင်ကို AAC ပြင်းပြင်းထန်ထန် ရှုတ်ချ

Rakhita Times

Leave a Comment