NewsPolitic

ဒေါ်စောမြရာဇာလင်း နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲသတင်းဟာ သတင်းမှားလို့ ALP ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ ဒေါ်စောမြရာဇာလင်း နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့သတင်းဟာ သတင်းအမှားဖြစ်တယ်လို့ ALP ပါတီက ဒီကနေ့ မနက် ဖေဖော်ဝါရီလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်မှာ  ဒေါ်စောမြရာဇာလင်းရဲ့ စစ်တွေမြို့က နေအိမ်မှာ ဂတ်(စ်)အိုးပေါက်ကွဲလို့ တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းဌာနတခုက စတင်ပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

“ မနေ့က “ One Nation News”  မှ စတင်လာသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌကြီး စောမြရာဇာလင်း ၏ စစ်တွေမြို့နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲ၍ တပ်ဖွဲ့ဝင် (၄) ဦး သေဆုံးကြောင်း လုပ်ကြံရေးသားထားသည့် သတင်းမှာ မှန်ကန်မှု လုံးဝမရှိပေ။ မနာလို မုန်းတီးစိတ်ဖြင့် အလန့်တကြား ဖြစ်စေရန် ကြံစည် ရေးသားခြင်းသာ ဖြစ်သည်။ ထို မမှန်ကန်သော သတင်းကို “ Arakan Bay News”  မှ အခြေအမြစ်မရှိ တင်လာမှုကိုလည်း ရှုတ်ချသည်”  လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  သတင်းသမားမှန်ကန်ပါက သတင်းသမား၏ ဂုဏ်သိက္ခာနှင့်အညီ ရေးသားကြပါလို့လည်း ALP ပါတီက ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

Related posts

ရွေးကောက်ပွဲက အရွေ့တခု အမှန်တကယ် မလှမ်းနိုင်

Rakhita Times

မင်းပြားတွင် မိုင်းနင်းမိလို့ အမျိုးသမီးတဦး ဒဏ်ရာရ

Rakhita Times

မောင်တောတွက် ကလေးငယ်တဦး အဓမ္မပြုကျင့် အသတ်ခံရ

Rakhita Times

Leave a Comment