NewsPolitic

စစ်တွေမှာ လူသားချင်း စာနာမှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီတွေ ရပ်ဆိုင်းနေ

အာရက္ခတိုင်းမ်စ် (၄ ဧပြီ ၂၀၂၆)

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာ နိုင်ငံတကာ ကူညီထောက်ပံ့ပေးနေတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ ဒေသခံနဲ့ ဒေသတွင်း ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီတွေ ရပ်ဆိုင်းတာတွေ ရှိလာနေတယ်လို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ဖို့အတွက် ပြင်ဆင်နေတဲ့ အနေအထားမှာ ရှိနေပြီး လက်ရှိမှာလည်း စစ်တွေမြို့ပြင်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်တွေမြို့ဟာ ထိလွယ်ရှလွယ်တဲ့ အနေအထားမှာ ရှိနေတာကြောင့် ကူညီထောက်ပံ့ရေး အစီအစဉ်တွေ လုပ်ဆောင်ဖို့အတွက် အခက်အခဲရှိနေကာ အစီအစဉ်တွေကို ဆိုင်းငံ့ထားပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

“ သူတို့တွေကလည်း စစ်တွေကို အလုပ်မချပေးဘူးဆိုတာက စစ်တွေက ထိလွယ်ရှလွယ်ဖြစ်နေတဲ့ အခြေအနေ ဖြစ်နေလို့တဲ့။ ဒါကြောင့်မို့လို့ ဒိုနာက ပိုက်ဆံချမပေးတာတဲ့။ ဘာလို့လဲဆိုတော့ တိုက်မယ်ဆိုလို့ရှိရင် AA က ဝင်တိုက်လို့ရနေပြီ။ ဘာလို့ မတိုက်တာလဲဆိုတာ သူတို့ စောင့်ကြည့်နေတယ် အဲဒီလိုတော့ ပြောတာပဲ” လို့ စစ်တွေဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့ကို နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေ ရပ်ဆိုင်းလာပေမယ့်လည်း အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသတွေကိုတော့ ရောက်ရှိနေတဲ့ အနေအထား တွေ့ရတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်က ၁၄ မြို့နယ်ဟာဆိုရင် စစ်တွေထက် သဘာဝဘေးအန္တရာယ်ကို ပိုမိုရင်ဆိုင်ကြုံတွေ့ရတာကြောင့် အကူအညီတွေဟာ အဲဒီဘက်ကို ပိုပြီး ရောက်ရှိတယ်လို့ ထောက်ပြပါတယ်။

အဲဒါအပြင် အကူအညီ အထောက်အပံ့တွေ ပေးဆောင်တဲ့ အဖွဲ့အစည်းတွေအတွက်လည်း စစ်ကော်မရှင် ထိန်းချုပ်တဲ့ နယ်မြေတွေထက် အာရက္ခဒေသမှာ လုပ်ပိုင်ခွင့် ပိုမိုရရှိတဲ့ အတိုင်းအတာလည်း ဖြစ်တယ်လို့ စစ်တွေဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ အခုက လွတ်မြောက်နယ်မြေကိုပဲ လွတ်မြောက်နယ်မြေ မဟုတ်ပါဘူး ထိန်းချုပ်နယ်မြေလို့ပဲ ပြောရမှာပေါ့။ အဲဒီအခြမ်းကိုပဲ သူတို့က ပေးနေတဲ့ပုံစံမျိုး။ ဒီဘက်ကထက်စာလို့ရှိရင် အဲဒီဘက်က ရေမြုပ်တာတို့၊ မုန်တိုင်းတို့ အကူအညီတွေက အဲဒီဘက် ရောက်နေတာဆိုတော့လေ။ ပြီးတော့ အဲဒီဘက်မှာက လုပ်လို့ရတဲ့ အခြေအနေ ရှိတယ်။ ဒီဘက်မှာက လုပ်လို့မရတဲ့ အခြေအနေ ရှိတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာလည်း ရက္ခိုင်အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာရောက် ရက္ခိုင်အဖွဲ့အစည်းတွေက နည်းလမ်းအမျိုးမျိုးနဲ့ ရက္ခိုင်ပြည်ကို ကူညီထောက်ပံ့ရေးတွေ၊ ပြန်လည်တည်ဆောက်ရေးတွေကို ဖော်ဆောင်ပေးလျက်ရှိနေပြီး ရက္ခိုင်ပြည်က လူဦးရေစာရင်းကိုလည်း ပြုစုလျက် ရှိနေပြီကို တွေ့ရှိရပါတယ်။

ဒါပေမယ့် ရက္ခိုင်ပြည်က ပြည်သူတွေဟာ ကူညီထောက်ပံ့တာတွေ ရရှိနေပေမယ့်လည်း ရေရှားပါးမှု၊ ရောဂါဘေးအပြင် စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှုတွေကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Related posts

ARSA အကြမ်းဖက်အဖွဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်တဲ့ ရုပ်သံထွက်လာ

Rakhita Times

မြောက်ဦးကို စကမ ဗုံးကြဲ

Rakhita Times

မြောက်ဦးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အာရက္ခပြည်သူ့မီးသတ်ဌာန ပညာပေးလေ့ကျင့်

Rakhita Times

17 comments

intensedebate.com မေ 27, 2026 at 7:06 မနက်

References:

Venetian casino las vegas intensedebate.com

Reply
alvinprny223224.azzablog.com မေ 31, 2026 at 12:18 မနက်

References:

Harrah’s casino tunica alvinprny223224.azzablog.com

Reply
https://aryba.kg/user/nailchick1/ ဇွန် 2, 2026 at 2:13 မနက်

References:

Las vegas usa casino https://aryba.kg/user/nailchick1/

Reply
web.symbol.rs ဇွန် 2, 2026 at 4:52 ညနေ Reply
https://nomadwiki.space/ ဇွန် 5, 2026 at 3:12 မနက်

References:

Anacortes casino https://nomadwiki.space/

Reply
buyandsellhair.com ဇွန် 5, 2026 at 4:18 မနက်

References:

Blackjack probability buyandsellhair.com

Reply
swain-vega-2.thoughtlanes.net ဇွန် 5, 2026 at 6:05 မနက်

References:

Md live casino swain-vega-2.thoughtlanes.net

Reply
concretewiki.site ဇွန် 5, 2026 at 6:09 မနက်

References:

Lady luck casino las vegas concretewiki.site

Reply
https://onlinevetjobs.com ဇွန် 5, 2026 at 8:31 မနက်

References:

Monticello casino https://onlinevetjobs.com

Reply
https://topsitenet.com/ ဇွန် 5, 2026 at 9:12 မနက်

References:

Schecter blackjack atx c 7 https://topsitenet.com/

Reply
https://undrtone.com/mimosacrown18 ဇွန် 5, 2026 at 11:27 မနက်

References:

Craps fire bet https://undrtone.com/mimosacrown18

Reply
a-taxi.com.ua ဇွန် 5, 2026 at 11:48 ညနေ

References:

Wyandotte casino a-taxi.com.ua

Reply
https://bernard-baldwin-4.blogbright.net/ ဇွန် 6, 2026 at 1:51 မနက် Reply
https://jonassen-kock-2.technetbloggers.de/ ဇွန် 6, 2026 at 7:14 မနက်

References:

Zeus slot machine https://jonassen-kock-2.technetbloggers.de/

Reply
https://liberalwiki.space/ ဇွန် 6, 2026 at 7:19 မနက်

References:

Global gaming expo https://liberalwiki.space/

Reply

Leave a Comment