NewsPolitic

ကျောက်ဖြူတွင် ၂ ရက်အတွက် စကမရဲ့ လက်နက်ကြီးကြောင့် ၃ ဦးသေ၊ ၁၀ ဦးကျော် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက် ၂ ရက်အတွင်း အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ မနေ့က ာနေ ၄ နာရီကျော်မှာ စကမရဲ့ နေဗီကနေ ဝမြောင်နဲ့ ငါးအုပ်ရွာကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထပ်မနည်း ပစ်ခတ်တာ။ အမျိုသမီး ၂ ဦး သေဆုံးသွားတယ်။ အိမ်တွေလည်း ပျက်စီးသွားတယ်”  လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နေဗီကနေ ကျောက်ဖြူမြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် အသေခံဒရုန်းတွေနဲ့ပါ လာရောက်ပစ်ခတ်တယ်လို့ သိရပါတယ်။

“ ဖေဖော်ဝါရီ ၁၄ ကလည်း အဲဒီနေဗီကပဲ လက်နက်ကြီးနဲ့ပစ်တာ။ ကျောက်ပြောက်ရွာက အသက် ၈၀ ကျော် အဖွားတယောက် ဆုံးသွားတယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ဇန်နဝါရီလ ၃၀ ရက် ညနေကလည်း စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်းဘွေရွာက အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ 

Related posts

အခုရွေးကောက်ပွဲက ကြံ့ဖွံ့က အခိုင်အမာပြင်ဆင်ထားပြီးမှ လုပ်တဲ့ပွဲလို့ ပြော

Rakhita Times

တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့လို့ ကျေးဇူးတင်တယ်လို့ TNLA ဆို

Rakhita Times

ရွှေ၊ ဒေါ်လာ နဲ့ စက်သုံးဆီဈေးနှုန်းတွေ အမြင့်ဘက်မှာပဲ ရှိနေနိုင်

Rakhita Times

Leave a Comment