NewsPolitic

မတူပီမြို့သိမ်း ၁ နှစ်ပြည့်တွင် AA ပါဝင်တိုက်ခိုက်ပေးလို့ အထူးကျေးဇူးတင်ကြောင်း CDF/Matupi ဆို

အာရက္ခတိုင်းမ်စ် (၃၀ ဇွန် ၂၀၂၅)

ချင်းညီနောင် စစ်ဆင်ရေး မတူပီ အမည်နဲ့ မတူပီမြို့ကို သိမ်းပိုက်လာတာ ဇွန်လ ၂၉ ရက်တွင် ၁ နှစ်ပြည့်ခဲ့ပြီး အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ပေးခဲ့တဲ့အတွက် အာရက္ခတပ်တော်ကို အထူးကျေးဇူးတင်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF/Matupi က ထုတ်ပြန်ပါတယ်။

“ချင်းညီနောင်၊ အာရက္ခတပ်တော်၊ ယောတပ်တော် နဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ပေါင်းစု အယောက်ချင်းစီတိုင်းအပေါ် အထူးကျေးဇူးတင်ရှိပါတယ်” ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF/Matupi က ဆိုပါတယ်။

ထို့ပြင် ဒဏ်ရာရရဲဘော်များနဲ့ ကျဆုံးသွားတဲ့ အာဇာနည်သူကောင်း ရဲဘော်တွေကိုလည်း အစဉ်အောက်မေ့သတိရရင်း ဂုဏ်ပြုပါတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF/Matupi က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ CDF/Matupi အနေနဲ့ မြို့ပြန်လည်တည်ဆောက်ရေး၊ မိုင်းရှင်းလင်းရေး၊ ပြည်သူများ ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ ပြည်သူများရဲ့ အခြေခံ လိုအပ်ချက်များ ဖြည့်တင်းနိုင်ရေးတွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

အလားတူ မတူပီမြို့ကို စစ်ကောင်စီလက်အောက် ပြန်လည်မရောက်သွားဖို့အတွက်လည်း အဖက်ဖက်ကနေပြီးတော့ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြတာတွေလည်း ရှိနေပြီးတော့ အဲဒီလို ကြိုးပမ်းနေကြတဲ့ တပ်ပေါင်းစုတွေ​နဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

Related posts

မအီမြို့ကို ရွေးတုအစိုးရ ဗုံးကြဲ(Breaking News)

Rakhita Times

ARSA နဲ့ RSO က ပြည်သူတွေကို အကြမ်းဖက်၊ ဖမ်းဆီးသတ်ဖြတ်နေတာကို မောင်တောခရိုင် မူဆလင်ရေးရာကောင်စီ လုံးဝရှုတ်ချ

Rakhita Times

မြေအောက် တော်လှန်ရေးတပ်သားလေး မောင်ကျော်ဟန် (က)

Rakhita Times

1 comment

RickFague စက်တင်ဘာ 2, 2026 at 10:27 ညနေ

Reading this gave me confidence to make a decision I had been putting off, and a stop at wifiwizard reinforced that confidence, content that translates into action in my own life rather than just informing it is content with the highest practical value and this site is generating that action level utility for me lately.

Reply

Leave a Comment