NewsPolitic

ကျောက်ဖြူတွင် ၂ ရက်အတွက် စကမရဲ့ လက်နက်ကြီးကြောင့် ၃ ဦးသေ၊ ၁၀ ဦးကျော် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက် ၂ ရက်အတွင်း အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ာနေ ၄ နာရီကျော်မှာ စကမရဲ့ နေဗီကနေ ဝမြောင်နဲ့ ငါးအုပ်ရွာကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထပ်မနည်း ပစ်ခတ်တာ။ အမျိုသမီး ၂ ဦး သေဆုံးသွားတယ်။ အိမ်တွေလည်း ပျက်စီးသွားတယ်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နေဗီကနေ ကျောက်ဖြူမြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် အသေခံဒရုန်းတွေနဲ့ပါ လာရောက်ပစ်ခတ်တယ်လို့ သိရပါတယ်။

“ဖေဖော်ဝါရီ ၁၄ ကလည်း အဲဒီနေဗီကပဲ လက်နက်ကြီးနဲ့ပစ်တာ။ ကျောက်ပြောက်ရွာက အသက် ၈၀ ကျော် အဖွားတယောက် ဆုံးသွားတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ဇန်နဝါရီလ ၃၀ ရက် ညနေကလည်း စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်းဘွေရွာက အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ 

Related posts

MOD လက်အောက်ခံ တပ်ရင်းအချို့ AA ထံ ကူးပြောင်း

Rakhita Times

MNDAA လားရှိုးက ဆုတ်ခွါမည့်ကိစ္စ တရုတ်ဖိအားကြောင့်လား

Rakhita Times

စစ်တွေမှာ လိင်လုပ်သားတွေ ပိုမိုတွေ့လာနေရ

Rakhita Times

133 comments

Leave a Comment