အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနေ မွေးကင်းစကလေးငယ်တွေအတွက် နို့မှုန့်အာဟာရကို တတိယအကြိမ်အဖြစ် အရွယ်စုံ Arakanese Ladies က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ အရွယ်စုံ Arakanese Ladies က နို့မှုန့်လှူဒါန်းမှုကို တတိယအကြိမ်မြောက်အတွက် သိန်း (၂၀၀) ကျပ်ဖိုးကို ကျောက်ဖြူမြို့နယ်မှာ လှူဒါန်းခဲ့ပါတယ်” လို့ အရွယ်စုံ Arakanese Ladies က ဆိုပါတယ်။
အရွယ်စုံ Arakanese Ladies အနေနဲ့ နို့မှုန်အာဟာရများကို မွေးကင်းစကနေ ၆ လသားအရွယ်အထိ အဓိကထားပြီး ထောက်ပံ့ကူညီပေးနေတာလည်း ဖြစ်ပါတယ်။
“ ၂၀၂၆ မှာလည်း အသင်းဝင် အဟောင်းနဲ့အသစ်တို့ ပါဝင် လှူဒါန်းပေးဖို့ ဖိတ်ခေါ်ပါတယ်” လို့ အရွယ်စုံ Arakanese Ladies က ဆိုပါတယ်။
အလားတူ အရွယ်စုံ Arakanese Ladies အနေနဲ့ ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်အတွက် သိန်း ၁၅၀ မတည်ခဲ့ပြီး စုစုပေါင်း အလှူငွေ သိန်း တထောင်ကျော်လည်း လှူဒါန်းခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့ စောင်၊ မျက်နှာသုတ်ပုဝါ၊ အင်္ကျီ၊ ပုဆိုး နဲ့ ထမိန်တို့ကိုလည်း အလျင်းသင့်သလို့ လှူဒါန်းပေးနေတယ်လို့လည်း သိရပါတယ်။
