NewsPolitic

ရက္ခိုင်ပြည်သူ လုံခြုံရေးအတွက် DLEPS ဝန်ထမ်း ၂၀၀၀ ကျော် လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၂၃ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက ပြည်သူတွေ လုံခြုံရေးအတွက် DLEPS ဝန်ထမ်း ၂၀၀၀ ကျော် ထပ်မံ လိုအပ်နေတယ်လို့ သိရပါတယ်။

“ ရက္ခိုင်ပြည် တပြည်လုံးအတွက် DLEPS အရေအတွက် ၅ ထောင်ကျော်လောက်လိုတယ်။ အခုက ၂၈၀၀ လောက်သာ ရှိပါသေးတယ်”  လို့ အာရက္ခတပ်တော် ဗိုလ်မှူးထွန်းမင်းနိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

DLEPS အင်အား နည်းပါးနေတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေ နဲ့ DLEPS တပ်ဖွဲ့ မရှိတဲ့ နေရာတချို့က ပြဿနာတွေကို ဖြေရှင်းတဲ့နေရာတွေ အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“ DLEPS မလုံလောက်တဲ့အချိန်မှာ ဝေးလံခေါင်ဖျားက ရွာတွေမှာ ပြဿနာတက်ရင် အုပ်ချုပ်ရေးကို တိုင်ရပါတယ်။ အုပ်ချုပ်ရေးအနေနဲ့ အဲဒီရွာနားမှာ DLEPS စခန်း မရှိသေးတဲ့အခါ အရက်သောက် ရမ်းကားတဲ့သူကို ထိန်းဖို့ တော်တော်ခက်ပါတယ်”  လို့ ဗိုလ်မှူးထွန်းမင်းနိုင်က ဆက်လက်ရေးသားထားပါတယ်။

အဆိုပါ အခက်အခဲကို ဖြေရှင်းရန်အတွက် ဆက်သွယ်ရေးလိုင်းဖွင့်ပေးရန်ကိုလည်း စစ်ကော်မရှင်ရဲ့ လေကြောင်းရန်ကြောင့် လုံခြုံရေးကို ထည့်စဉ်းစားနေရတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်ရှိ လွတ်မြောက်နယ်မြေများတွင် အာရက္ခတပ်တော်က ရဲ ဆိုတဲ့ အသုံးအနှုန်းအစား ဒီလပ် (DLEPS) လို့ ပြောင်းလဲထားပြီး အဆိုပါ ဒီလပ် (DLEPS) ရဲ့ စာလုံးအရှည်ဟာ Department of Law Enforcement and Public Security ဖြစ်ပြီး အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန ဖြစ်ပါတယ်။

Related posts

လုပ်သားမရှိတဲ့အတွက် ပြည်ပအလုပ်အကိုင်လုပ်ငန်း ခမ်းခြောက်သွားနိုင်

Rakhita Times

မြောက်ဦးဆေးရုံ ပြန်တည်ဆောက်ရေးအတွက် ရသေ့တောင်က သံဃာတော်များ ၄၄၅ သိန်း လှူဒါန်း

Rakhita Times

ရေရှားပါးတာကြောင့် ရက္ခိုင်တိုက်ပွဲရှောင်တွေ စားဝတ်နေရေး ခက်ခဲ

Rakhita Times

Leave a Comment