BusinessNewsPolitic

လုပ်သားမရှိတဲ့အတွက် ပြည်ပအလုပ်အကိုင်လုပ်ငန်း ခမ်းခြောက်သွားနိုင်

အာရက္ခတိုင်းမ်စ် (၂၀ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)

အသက်ကန့်သတ်ချက်နဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ပြည်ပနိုင်ငံတွေကို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး တရားဝင်လမ်း‌ကြောင်းကနေ သွားရောက်မယ့် လုပ်သားမရှိတော့တဲ့အတွက် ပြည်ပအလုပ်အကိုင် လုပ်ငန်းဟာ ခမ်းခြောက်သွားနိုင်တယ်လို့ အေဂျင်စီတစ်ခုမှ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြည်ပနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ချင်တဲ့ လုပ်သားတွေရှိပေမယ့် အသက်ကန့်သတ်ချက်၊ မိသားစု လွှဲပို့ငွေ၊ အခွန်အပြင် စစ်မှုထမ်း ကိစ္စလည်း ထပ်မံပါဝင်လာဦးမယ့်အတွက်ကြောင့် တရားမဝင်လမ်းနဲ့ သွားရောက်နေကြတာကြောင့် လုပ်သားမရှိတော့ဘူးလို့ သူက ပြောပါတယ်။

အေဂျင်စီတစ်ခုမှ “ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းကြီးက တဖြေးဖြေး ခမ်းခြောက်သွားမှာ။ auto ခမ်းခြောက်သွားမှာ။ အသက်အရွယ် ကန့်သတ်လိုက်တယ် demand ရှိလည်း ပို့လို့မရဘူး။ အဲဒီအတွက် အလုပ်သမားမှ မရှိတာ။ ဈေးကွက်က မမှန်တော့ဘူးလေ။ အေဂျင်စီတွေ ဘယ်လောက်ချဲ့ထွင်ထွင် လုပ်သား အင်အားမရှိတော့ဘူး။ ချဲ့ထွင်တဲ့သူလည်း သူ့ဘာသာသူ ချဲ့ထွင်တာ နောက်တော့ ရပ်သွားလိမ့်မယ်။ အသက်ကန့်သတ် ထားလိုက်တဲ့ အပေါ်မှာ အလုပ်သမားက မရှိတော့ဘူး။ စစ်မှုထမ်းဆောင်ရမယ်ဆိုပြီးတော့ ထွက်ပြေးသွားကြတဲ့လူတွေကလည်း အများကြီးဖြစ်နေပြီလေ။ သွားချင်တဲ့လူတွေချည်းပဲ။ အသက်အရွယ် ကန့်သတ်ထားတော့ သွားလို့မရဘူး။ အဲဒီတော့ ခိုးသွားကြတယ်။ အဲဒီလိုဖြစ်ကုန်တာ” လို့ ပြောပါတယ်။

တင်းကြပ်လာတဲ့အချက်တွေဟာ ပြည်ပထွက်ခွာမယ့် လုပ်သားတွေအတွက်ပဲ အခက်ဖြစ်စေတာ မဟုတ်သလို စေလွှတ်လိုက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအတွက်လည်း အခက်တွေ့စေရတယ်လို့ သူက ဆက်ပြောပါတယ်။

တရားမဝင် လမ်းကြောင်းနဲ့ ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်တဲ့အခါမှာလည်း အဲဒီလုပ်သားတွေဟာ လုံခြုံစိတ်ချရတဲ့ လမ်းခရီးမဟုတ်တဲ့အတွက် ဖမ်းဆီး အရေးယူ ခံရတာတွေနဲ့လည်း ကြုံတွေ့နေကြရပါတယ်။

တစ်ဖက်နိုင်ငံကို ရောက်ရှိတဲ့အခါမှာလည်း အထောက်အထားတွေ လုပ်ရတဲ့အတွက် ကုန်ကျစရိတ် ပိုပေး ရကြောင်းနဲ့ လက်ရှိမှာ တရားမဝင်လမ်းကြောင်းနဲ့ ဝင်ရောက်လာသူတွေဟာ တရှိန်ထိုး မြင့်တက်လာတယ်လို့  ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ဦးအောင်ကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဲဒီလို တရားမဝင် လမ်းကြောင်းကို ရွေးချယ်တဲ့အတွက်ကြောင့် ဘာတွေဖြစ်ပေါ်လဲဆိုတော့ လုံခြုံစိတ်ချရတဲ့ ခရီးသွားလာမှုတွေ မဖြစ်ပေါ်တော့ဘဲနဲ့ အခုဆိုရင် အန္တရာယ်တွေအများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ လမ်းမှာ ပုန်းဝှက်ပြီး သွားရတဲ့အတွက်ကြောင့် ဖမ်းဆီး အရေးယူခံရတာတွေ မလိုလားအပ်တဲ့ ပြဿနာတွေကို တွန်းပို့နေသလို ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်က လူငယ်လုပ်သားတွေရဲ့ အင်အားကို အဓိကအသုံးချရမှာပေါ့။ တိုင်းပြည်မှာ စီးပွားရေးကလည်း ဖရိုဖရဲဖြစ်၊ ရင်းနှီးမြှုပ်နှံမှုကလည်း မရှိဆိုတော့ ပြည်ပကိုပဲ အားကိုးပြီး သွားနေတယ်။ လာအိုဆိုတဲ့ နိုင်ငံကြီးကိုတောင်မှ လုပ်သားတွေ တင်ပို့နေပြီဆိုတော့ အခြေအနေက ပြည်တွင်းမှာ လုပ်သားရှားပါးမှု ပြဿနာတော့ ဖြစ်တာပေါ့။ သို့သော် လုပ်သားရှားပါးတယ်လို့ ပြောရအောင်လည်း တိုင်းပြည်ထဲမှာရော ကုန်ထုတ်လုပ်မှုတွေက ဘယ်လောက်ရှိလဲ၊ စက်ရုံ၊ အလုပ်ရုံကုမ္ပဏီက ဘယ်လောက်အထိ လည်ပတ်နိုင်လဲ၊ ဘယ်နိုင်ငံတွေကလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လောက်ရှိနေသလဲဆိုတာ အပေါ်မှာလည်း မူတည်နေပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ တရားဝင်လမ်းကြောင်းကနေ ပြည်ပနိုင်ငံကို ယိုစိမ့်သွားတဲ့ လုပ်သားအင်အားအချက်အလက် ကို သိရှိမှသာ ပြည်တွင်းမှာ လုပ်သားရှားပါးမှုမဖြစ်စေဖို့ ပြန်လည်ကုစားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး တရားမဝင် လမ်းကြောင်းကနေ လုပ်သားယိုစိမ့်နေတာကြောင့် အချက်အလက်အမှန်ကို မသိရှိနိုင်တော့ဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။

လက်ရှိမှာတော့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၀၀ ကျော်ရှိတဲ့အထဲ အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေနဲ့ ပတ်သက်ပြီး အထောက်အထားပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ၃၀၀ နီးပါးအထိ ရှိတယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်တော် မြောက်ဦးမှာ ပိုက်ဆံ ရာတန်တွေ အသုံးမဝင်သလို ဖြစ်နေ

Rakhita Times

သံတွဲမြို့ ငပလီကမ်းခြေတကြောကို မိနစ် ၄၀ ခန့် ဗုံးကြဲခဲ့(update News)

Rakhita Times

အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်း မဖန်တီးနိုင်သရွေ့ စစ်ဘောင်ကျယ်နေမယ်လို့ ပြော

Rakhita Times

6 comments

Stevenden ဇူလိုင် 17, 2026 at 9:26 မနက်

The best is collected here: 色情 異族

Reply
AntonioDam ဇူလိုင် 18, 2026 at 5:09 မနက်

Больше на нашем сайте: https://frenchspeak.ru/%D0%B6%D0%B8%D0%B2%D0%BE%D0%B9

Reply
RobertNut ဇူလိုင် 18, 2026 at 10:55 ညနေ Reply
Romanfer ဇူလိုင် 18, 2026 at 11:19 ညနေ

Наша лучшая подборка: https://aromline.ru/index.php?categoryid=a

Reply
kupit spravky 512 ဇူလိုင် 19, 2026 at 12:02 မနက် Reply
WilliamCef ဇူလိုင် 20, 2026 at 8:31 ညနေ

лента 12х18н10т москва лента стальная

Reply

Leave a Comment