NewsPolitic

ဧရာဝတီတိုက်ပွဲတွင် စကမရဲ့ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံး၊ ထိခိုက်မှုများနေ

အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆)

ဧရာဝတီတိုင်းတိုက်ပွဲအတွင်းတွင် စစ်ကော်မရှင်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် ဗိုလ်ကြီးအဆင်ရှိသူများ သေဆုံး၊ ထိုခိုက်မှုတွေ များပြားနေတယ်လို့ သိရပါတယ်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း နေရာ ၃ ခုထပ်မနည်း အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တို့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

“ အကြီးပိုင်းတွေကိုတော့ ပုသိမ်မြို့က စစ်ဌာနချုပ်မှာ ကုသပေးနေပြီး အောက်ခြေစစ်သားတွေကိုတော့ ပြည်သူ့ဆေးရုံမှာပဲ ဆေးကုသခိုင်းနေတယ်။ ကြားရတာ တပ်ထဲမှာ ဆေးဝန်ထမ်းအင်အား မလောက်လို့ ပြည်သူ့ဆေးရုံပါပို့ပြီး ကုပေးနေတာ၊ ညဖက်ဆို ကန်စတွေ အုပ်ထားတဲ့ ကားတွေ စစ်ချုပ်ထဲ ဝင်သွားတာ တွေ့နေရတယ်” လို့ ပုသိမ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ တိုက်ပွဲအတွင်း သေဆုံးသွားသူတွေကိုတော့ စစ်ကော်မရှင်က ရွှေမြင်တင်မီးသင်္ဂြိုလ်စက်မှာ တိတ်တဆိတ် သင်္ဂြိုလ်ပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ဖေဖော်ဝါရီလ ၂၆ ရက် မနက် ၁၀ နာရီခွဲ အချိန်မှာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ နတခ – မဆရ (၄) တွင် ဧရာဝတီစစ်မြေပြင်က ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှုခံယူနေတဲ့ အကြမ်းဖက် စခ (၁) ကောင် သေဆုံးသွားလို့ ရွှေမြင်တင် မီးသဂြိုလ်စက်ကို ဘဝဆည်ဆားအသုဘကား၊ အိမ်စီးကား ၊ faw ကားများနဲ့  စုစု‌ပေါင်း ကား (၇) စီးတို့နဲ့ မသာချသွားပါတယ်။ နေ့လည် ၂ နာရီခန့်မှာလည်း စခ တကောင် သေဆုံးသွားလို့ ရွှေမြင်တင်မီးသဂြိုလ်စက်ကို ထပ်မံလာရောက်၍ သဂြိုလ်ခဲ့ပါတယ်” လို့ သတင်းအထူးတပ်ဖွဲ့ – ပုသိမ် က ဆိုပါတယ်။

အလားတူ ရှေ့တန်းစစ်မြေပြင်တွင်  ထိခိုက်ဒဏ်ရာရရှိတဲ့ တပ်သားများ အသေအဆုံးများနေတဲ့အတွက် ရွှေမြင်တင်မီးသဂြိုလ်စက်ကို တနေ့လျှင် ၂ လောင်း ၃ လောင်းခန့် ရက်ဆက် ပို့ဆောင်သင်္ဂြိုလ်နေရလို့လည်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ် က ဆိုပါတယ်။

Related posts

ULA/AA နှင့် ထောက်လှမ်းရေးအခန်းကဏ္ဍ

Rakhita Times

ရက္ခိုင်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြန်စလာနိုင်

Rakhita Times

အစိုးရသစ်အပေါ် တရုတ်ရဲ့ ဗမာပြည်မဟာဗျူဟာ ဘယ်လိုဖြစ်လာနိုင်လဲ

Rakhita Times

Leave a Comment