NewsPolitic

နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူပို့တဲ့စစ်ကြောင်း AA တိုက်ခိုက်လို့ တပ်ပျက်ထွက်ပြေး

အာရက္ခတိုင်းမ်စ် (၁၃ မတ် ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် ခုခံရန် စစ်ကော်မရှင်က တပ်သားအင်အား ၅၀၀ ခန့်နဲ့ လက်နက်ခဲယမ်းများ ထပ်မံပို့ဆောင်ခဲ့ရာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ပိတ်ဆို့တိုက်ခိုက်လို့ တပ်ပျက် ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

“ ပဇီရွာနဲ့ ဂုတ်ကြီးရွာဘက်ကနေ ဝင်လာတဲ့ စစ်တပ် စစ်ကြောင်း ၂ ကြောင်းကို AAနဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ပိတ်ဆို့တိုက်ခိုက်လို့ သေဆုံးထိခိုက်သူများပြီး လေကြောင်းပစ်ကူနဲ့ ပြန်လည်ဆုတ်ခွာ ထွက်‌ပြေးသွားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ နတ်ရေကန်ဗျူဟာကုန်းကို ပဇီရွာကနေ စစ်ကြောင်းတကြောင်း၊ ဂုတ်ကြီးရွာကနေ စစ်ကြောင်းတကြောင်းနဲ့ မတ်လ ၁၀ရက်က စစ်ကူ​ပေးဖို့ တက်လာတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ဟာ နတ်ရေကန်ဗျူဟာကုန်းရဲ့ နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို မတ်လဆန်းက သိမ်းယူလိုက်ပြီးနောက်မှာ စစ်ကော်မရှင်က နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် လမ်းသစ်၊ လမ်းဟောင်း နှစ်လမ်းလုံး အသုံးပြုကာ စစ်ယာဉ်တန်းများအသုံးပြုကာ စစ်ကူနဲ့ လက်နက်များကို ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။။

စစ်ကော်မရှင်ဟာ နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် အမှတ်(၉၀၁) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) အတွင်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ဟာ ဖေဖော်ဝါရီလဆန်းက စတင်ကာ ထိုးစစ်ဆင်နေပြီး ထိုးစစ်ကာလအတွင်း တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ ယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို က ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

မြောက်ဦးမှာ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

Rakhita Times

ရက္ခိုင်တွင် စပါးတစ်ဧက ရိတ်သိမ်းခ ကျပ် ၂ သိန်းရှိနေ

Rakhita Times

တောင်ကုတ်တွင် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကျဲသဖြင့် ၅ ဦး သေဆုံး အများအပြားဒဏ်ရာရ

Rakhita Times

Leave a Comment