NewsPolitic

ရသေ့တောင်တွင် ၃ ရက်အတွင်း မိုင်းအလုံးရေ ၂၀၀ ခန့် AA ရှင်းလင်း

အာရက္ခတိုင်းမ်စ် (၂၀ မတ် ၂၀၂၆)

ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်တွင် ၃ ရက်အတွင် မြေမြှုပ်မိုင်း အလုံး ၂၀၀ ခန့်နဲ့ စစ်ကျန်ဗုံးသီး အချို့ကို အာရက္ခတပ်တော်က ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ ၁၇ ရက်ကနေ ၁၉ ရက် အတွင်း မြေမြှုပ်မိုင်း ၁၉၆ လုံး နဲ့ စစ်ကျန်ဗုံးသီး ၁၄ လုံး ကို တပ်တော်က ရှင်းလင်းပေးခဲ့တယ်” လို့ ရသေ့တောင်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မတ်လ ၁၇ ရက်က စတင်ကာ အာရက္ခတပ်တော်က ရသေ့တောင်တွင် မိုင်းရှင်းလင်းရေး စတင်လုပ်ဆောင်ခဲ့ပြီး အဆိုပါနေ့တွင် M14 အမျိုးအစားမိုင်း ၆၉ လုံး၊ RPG7 ဗုံးသီး ၂ လုံးနဲ့ ၆၀ မမ ဗုံးသီး ၃ လုံး ရှင်းလင်းနိုင်ခဲ့ပါတယ်။

မတ်လ ၁၈ ရက်မှာတော့ M14 အမျိုးအစားမိုင်း ၈၄ လုံး၊ RPG7 ဗုံးသီး ၁ လုံးနဲ့ ၆၀ မမ ဗုံးသီး ၅ လုံး ထမ်မံရှင်းလင်းနိုင်ခဲ့ပြီး မတ်လ ၁၉ ရက်မှာလည်း M14 အမျိုးအစားမိုင်း ၄၃ လုံး၊ RPG7 ဗုံးသီး ၁ လုံးနဲ့ ၆၀ မမ ဗုံးသီး (၂) လုံး ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မြေမြှုပ်မိုင်းနဲ့ ဗုံးသီးတွေကို ရသေ့တောင်မြိုနယ်အတွင်းရှိ စစ်ကော်မရှင်တပ် တပ်ရင်း၊ တပ်စခန်းအနီးဝန်းကျင်၊ အများပြည်သူသုံး ကားလမ်းမ‌ဘေးများ၊ တိုက်ပွဲကာလအတွင်း စစ်ကော်မရှင် တပ်ဖွ့်ဝင်များ တပ်စွဲခဲ့တဲ့ နေရာများ၊ ဒေသခံပြည်သူများ နေထိုင်ရာရပ်ရွာအနီးပတ်ဝန်းကျင်နဲ့ လယ်ကွင်းများတွင် ရှင်းလင်းခဲ့တာလို့လည်း သိရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ရသေ့တောင်မြို့နယ်တွင် မိုင်းအလုံးရေ ၂၆၂ လုံး ကို ရှင်းလင်းခဲ့ပါသေးတယ်။

Photo – Arakan Princess Media

Related posts

ကျောက်တော်ကို စစ်ကောင်စီက အကြိုနေ့တွင်ဗုံးကြဲ အမျိုးသမီး ၃ ဦး ဒဏ်ရာရ

Rakhita Times

ညီနောင်နှစ်ဖွဲ့ အပစ်ရပ် ဆွေးနွေးဖို့ AA တိုက်တွန်း

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း – ၁၇)

Rakhita Times

Leave a Comment