NewsPolitic

ဘင်္ဂလား ငါးခိုးဖမ်းသမား ၁၄ ဦးကို AA ပြန်လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၂ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် ရေပိုင်နက်ထဲ ကျူးလွန် ဝင်ရောက် ငါးခိုးဖမ်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို အာရက္ခတပ်တော်က ဧပြီလ ၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ငါးခိုးဖမ်းသမား ၁၄ ဦးကို ငါးဖမ်းလှေ ၃ စီးနဲ့အတူ မတ်လ ၂၈ ရက်တွင် အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဘဂ်လားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်း ၂ က တပ်မှူး ဒုတိယဗိုလ်မှူးကြီး မဒ်ဟာနီဖာရာမန်ဘူယန် ကလည်း ငါးဖမ်းသမား ၁၄ ဦးနဲ့အတူ ငါးဖမ်းလှေ ၃ စင်း ပြန်လည် ရောက်ရှိနေပြီလို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေကို ဖြေကြားထားပါတယ်။

အလားတူ ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို မတ်လ ၁၇ ရက်ကလည်း အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပါသေးတယ်။

ရက္ခိုင်ပြည်ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းနေသူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေသလို အရေးယူမှု ကာလပြီးဆုံးသူတွေကိုလည်း ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ တရားဝင် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သားတွေထဲက (၇၃) ယောက် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံသို့ အာရက္ခတပ်တော် က ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

Related posts

မြောက်ဦးဆေးရုံအတွက် သိန်း ၁၆၈၀ တန်ဖိုးရှိ အာထရာဆောင်းစက်များ ဝေဟင်အောင်နဲ့အဖွဲ့ ထပ်မံလှူဒါန်း

Rakhita Times

ဂွမြို့ကို စစ်ကောင်စီမှ အင်အား ၁၂၀၀ ကျော်ဖြင့် ခုခံသော်လည်း AA အလုံးစုံ သိမ်းပိုင်နိုင်ခဲ့

Rakhita Times

AA က သင်္ကြန်အတွက် စည်းကမ်း ၆ ချက် ထုတ်

Rakhita Times

Leave a Comment