NewsPolitic

စစ်တွေ ပွိုင့်ကမ်းခြေကို ပြန်လည်ပိတ်၊ ဖွင့်တဲ့ ၃ ရက်လုံး လူစည်းကား

အာရက္ခတိုင်းမ်စ် (၂၀ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ် ပွိုင့်ကမ်းခြေကို ဧပြီလ ၂၀ ရက်မှာ ပြန်လည်ပိတ်လိုက်ပြီး ဖွင့်ခဲ့တဲ့ ၃ ရက်စလုံး လူတိုးမပေါက်အောင် စည်ကားခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်မှာ တကျော့ပြန်တိုက်ပွဲအတွင်း လုံခြုံရေးအကြောင်းပြပြီး ပိတ်ထားတဲ့ စစ်တွေမြို့က ပွိုင့်ကမ်းခြေကို ဧပြီလ ၁၇ ရက်ကနေ ၁၉ ရက်အထိ ၃ ရက်တာ ဖွင့်လှစ်ပေးခဲ့တယ်လို့ စစ်တွေမြို့ခံတွေထံက သိရပါတယ်။

ရက္ခိုင်ဓလေ့ဖြစ်တဲ့ နှစ်ဆန်းတရက်နေ့မှာ ကျရောက်တဲ့ သင်္ကြန်နောက်ဆုံးရက်နဲ့ ပိတ်ရက်တွေမှာ ပျော်ရွှင်နိုင်ဖို့အတွက်လို့ဆိုပြီး အသစ်တက်လာတဲ့ စစ်ခေါင်းဆောင်အလိုကျ ရက္ခိုင်ပြည်ယ် ဝန်ကြီးချုပ် ဦးနိုင်ဦးက ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “၃ ရက်လုံး ကမ်းခြေဆင်းကြတာ တိုးမပေါက်ဘူး။ ကမ်းနားလမ်းမှာဆို ကားတွေ ဆိုင်ကယ်တွေနဲ့တောင် သွားမရဘူး။ လမ်းလျောက်သွားရတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေပွိုင့်ကမ်းခြေကို စစ်ကော်မရှင်က အာရက္ခတပ်တော်တို့ ရေလမ်းကြောင်းကနေ ဝင်ရောက်လာမှာကို စိုးရိမ်တဲ့အတွက် သံဆူးကြိုးတွေနဲ့ ခြံခတ် ပိတ်ပင်ထားတာဟာ ၂ နှစ်နီးပါးရှိနေပါပြီ။

လက်ရှိမှာတော့ ရက္ခိုင်ပြည်မှာ စစ်ခေါင်းဆောင်အလိုကျ အစိုးရအဖွဲ့အသစ် ဖြစ်နေချိန်မှာပဲ အာရက္ခတပ်တော်အနေနဲ့ ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်အတွင်း ကျန်မြို့တွေအားလုံးကို အပြီးသတ်သိမ်းပိုက်သွားမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။

Related posts

စစ်တွေခရိုင်တွင် AA က မိုင်း အလုံး ၂၀၀ ခန့် ရှင်းလင်းနိုင်ခဲ့

Rakhita Times

ဧရာဝတီကို ရွေးတုအစိုးရက ဗျူဟာမှူးများပို့ကာ AA ထိုးစစ်ကို ခုခံခိုင်းနေ

Rakhita Times

ချောင်းတူရွာအနီး အကျဉ်းစခန်းပတ်ဝန်းကျင်ကို စကမ ထပ်မံဗုံးကြဲ 

Rakhita Times

1,327 comments

Leave a Comment