NewsPolitic

ကျောက်ဖြူစစ်ရှောင် ကလေးငယ်တွေကိုစိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပြုလုပ်ပေးနေ

အာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့က စစ်ရှောင် ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပြုလုပ်ပေးခဲ့တယ်လို့ Ramree Youth Network က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ အစီအစဉ်ကိုတော့ ဆရာအောင်ရဲခန့်က ဦးဆောင်တာဖြစ်ပြီး ကျောက်ဖြူစစ်ပွဲဧရိယာတွေက တိမ်းရှောင်လာတဲ့ စစ်ရှောင်ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဝေဟင်အောင်ဖောင်ဒေးရှင်းရဲ့ တာဝန်ရှိသူ စာရေးဆရာဝေဟင်အောင်ကလည်း “ကလေးတွေက ကျောင်းလည်း မတက်ရ။ စစ်ဘေးရှောင်ရင်း လမ်းပျောက်နေကြတယ်။ စိတ်တွေ အလေအလွင့် ဖြစ်နေကြတယ်။ အဲဒါကို တဖက်တလမ်းက ကူညီနိုင်ဖို့အတွက်ကျနော်တိ့်ဘက်က အလှူငွေတွေကို အဲဒီဘက်မှာ သုံးဖိ့် ကူညီခဲ့တာ ဖြစ်ပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဆရာအောင်ရဲခန့်နဲ့အတူ ပံ့ပိုးကူညီပေးခဲ့တဲ့ ဝေဟင်အောင်ဖောင်ဒေးရှင်းအပြင် ပြည်တွင်းပြည်ပက အလှူရှင်တွေကိုလည်း Ramree Youth Network က ဂါရဝထားပြီး မှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

မြန်မာ့လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ ၂၀၂၆ ခုနှစ်မှာ ဆက်လက်ဆိုးရွားနေမှာဖြစ်ပြီး မြန်မာနိုင်ငံရှိ (ကလေးသူငယ် ၅ သန်းအပါအဝင်) လူဦးရေ ၁၆ သန်းကျော်ဟာ လူမှုဘဝကယ်ဆယ်ရေး လူသားချင်းစာနာမှုဆိုင်ရာအကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေမှာဖြစ်တယ်လို့ UN Myanmar က ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှာ အသိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ‌တွေနဲ့ ဘေးအန္တရာယ်တွေကြောင့် ခန့်မှန်း လူဦးရေ ၃ ဒသမ ၆ သန်းခန့်ဟာ အိုးအိမ်စွန့်ခွာ နေကြရတယ်လို့ အဆိုပါ ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

အမ်းဌာနချုပ်ကို စစ်ကူလာတဲ့ စစ်ကောင်စီ ကြားဖြတ်တိုက်ခိုက်ခံရ၍ ၉ ဦးသေဆုံး

Rakhita Times

ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့ မောင်တောဒေသခံတဦး သေဆုံး

Rakhita Times

ပြည်ပရောက်အသင်းတွေ စုပေါင်းပြီး ရေဘေးသင့်ဒေသခံ ၁၅၃ ဦးအတွက် ကူညီလှူဒါန်း

Rakhita Times

142 comments

Leave a Comment