NewsPolitic

ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများကို လေးနက်စွာ တန်ဖိုးထားတယ်လို့ AA ဆို

အာရက္ခတိုင်းမ်စ် (၃၁ မေ ၂၀၂၆)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့တဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲ့ ၅ နှစ်တာ တော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး၊ ဘဝများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများနဲ့ တော်လှန်ရေးရဲဘော်များရဲ့ ပေးဆပ်မှုတိုင်းကို လေးနက်စွာ တန်ဖိုးထား အသိအမှတ်ပြုပါတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မေလ ၃၁ ရက်တွင် ကျရောက်တဲ့ KNDF ဖွဲ့စည်းထူထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားကို ULA/AA က ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ အထက်ပါကဲ့သို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

အလားတူ ကရင်နီဒေသရှိ မြို့ကြီး၊ မြို့ငယ်အချို့ကို သိမ်းပိုက်ရရှိထားပြီး လက်ရှိတွင် ကိုယ်ပိုင် အုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်နေပြီဖြစ်တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

​မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေးကာလ ၅ နှစ် ကျော်လာတာနဲ့အမျှ တော်လှန်ရေးပြေးလမ်းပေါ်မှာ လွင့်စဉ်သွားတဲ့ အဖွဲ့အစည်းတချို့ သို့မဟုတ် ရန်သူ့ထံ လက်နက်ချသွားတဲ့ အဖွဲ့အစည်းတချို့ ရှိနေသော်လည်း KNDF အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများဟာ စစ်အာဏာရှင်ကို နောက်မဆုတ်စတမ်း ရင်ဆိုင်ပြီး မြို့ပြများကို သိမ်းပိုက်ထားနိုင်ခြင်းက တော်လှန်ရေး အရှိန်အဟုန် ဆက်လက် ရွေ့လျားနေမှုကို ပြသနေတယ်လို့လည်း ဆိုပါတယ်။

KNDF ဟာ ​တက်ကြွပြီး ရဲရင့်တဲ့ လူငယ်များနဲ့ စုဖွဲ့ထားပြီး နှစ်တာ ကာလအတွင်း ကရင်နီဒေသနဲ့ ရှမ်းမြောက်ဒေသ အပါအဝင် နေရာတချို့တို့တွင် မိတ်ဖက်၊ မဟာမိတ် အဖွဲ့အစည်းများနဲ့အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ပြီး ကရင်နီလူမျိုးများနဲ့ ဒေသခံပြည်သူတို့ရဲ့ အသက်အိုးအိမ်ကို ကာကွယ်ရန်၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတို့အတွက် ကြံ့ကြံ့ခံ တွန်းလှန်နေဆဲ ဖြစ်တယ်လို့လည်း အာရက္ခတပ်တော်က ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံဟာ အဆိုးဝါးဆုံး ပြည်တွင်းစစ်နဲ့အတူ စီးပွားရေး၊ လူမှုရေး နိမ့်ကျမှုများကို ကြုံတွေ့နေရသော်လည်း ကရင်နီပြည်သူလူထုနဲ့ KNDF မျှော်မှန်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အချိန်တိုအတွင်း အမြန်ဆုံး ပြည့်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

Related posts

TNLA ဥက္ကဌ ရဲ့ မိခင် ကွယ်လွန်လို့ AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

ရက္ခိုင်ကို ပို့ဆောင်ရန် အာလူးနဲ့ ဒီဇယ် တင်လာတဲ့ ကုန်သည် ၁၀ ဦးကို BCG ဖမ်းဆီး

Rakhita Times

စကမရဲ့ လေကြောင်း ရေကြောင်းကနေ လက်နက်ကြီး ပတ်ခတ်တာနဲ့ ပတ်သက်ပြီး AA အရေးပေါ်ထုတ်ပြန်

Rakhita Times

Leave a Comment