EnvironmentNewsPolitic

ကျောက်တော်မြို့နယ်တွင် နေရာအများစု ရေနစ်မြုပ်

အာရက္ခတိုင်းမ်စ် (၁၁ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာအများစုဟာ ရေနစ်မြုပ်တဲ့ဒဏ်ကို ခံနေရတယ်လို့ သိရပါတယ်။

ရေနစ်မြုပ်နေတဲ့ ကျောက်တော်မြို့နယ်က ရပ်ကွက်တွေကတော့ ကျောက်တော်မြို့ပေါ်က ပြည်တော်သာ၊ ပိုက်သည်၊ သျှမ်းရွာ၊ မြို့သစ်၊ ပြည်တော်အေး ရပ်ကွက်တို့ပဲ ဖြစ်ပါတယ်။

အလားတူ ရေနစ်မြုပ်နေတဲ့ ကျေးရွာတွေကတော့ နဂူမြေ၊ ပြိန်းချောင်း၊ ကန်စောက်၊ ပန်းဖဲချောင်း၊ ကံသုံးဆင့်၊ ဆင်မကျော်၊ မော်ရွာ၊ တောင်ထောင် (မူဆလင်ရွာ)၊ တောင်ထောင်ဟယား (မူဆလင်ရွာ)၊ ဝလာကန် (မူဆလင်ရွာ)၊ ညောင်ပင်လှ၊ မဟာမုနိ၊ စပါးဆိပ်၊ သာယာကုန်း၊ ကျောက်တလုံး၊ သရက်တပင်၊ ပေါက်တော (အရှို)၊ စနစ်သစ်၊ မင်းသားတောင်၊ ရဘ၊ ညောင်ချောင်း၊ ရွှေတလဲ့၊ ပေါက်တော (တောင်)၊ စပါးဆိပ် (သရီ)၊ ကွမ်းအုံချောင်း၊ သရက်အုပ် (ရွာဟောင်း)၊ သရက်အုပ် (ရွာသစ်) စတာတွေပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျောက်တော်မြို့နယ် မြို့ပေါ် ရပ်ကွက်တွေမှာတော့ ရေအမြင့် ၁ ပေကျော် မြင့်တက်နေပြီး ကျေးရွာတွေမှာတော့ ၃ ပေကနေ ၅ ပေ အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်တွင် ဇူလိုင်လ ၁၁ ရက်နေ နောက် နှစ်ရက်အထိ မိုးအများဆုံး ရွာသွန်းနိုင်လို့ ရေလျှံ၊ ရေကြီးမှုတွေ သတိပြုရန် လိုအပ်တယ်လို့လည်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။

Related posts

AA စစ်ဦးစီးချုပ် နဲ့ မွတ်ဆလင်ခေါင်းဆောင်များ တွေ့ဆုံအပြီးတွင် မောင်တောမြို့မဗလီ ဖွင့်လှစ်

Rakhita Times

AA ကျန် ၃ မြို့ကို သိမ်းနိုင်တဲ့အနေအထားရှိပေမယ့် မသိမ်းသေးတာ ဘာကြောင့်လဲ

Rakhita Times

တရုတ်သာ မြောက်ပိုင်း သုံးဖွဲ့နဲ့ PDF တို့ကို မဖြိုခွဲရင် စကမ အမြန်ကျဆုံးနိုင်

Rakhita Times

Leave a Comment