NewsPolitic

ရေဘေးဒဏ်ခံနေရတဲ့ ဂွမြို့နယ်ကို ရွေးတုအစိုးရတပ် ဗုံး ၄ လုံး ချ၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင် ၂၀၂၆)

ရေဘေးဒဏ်ခံနေရတဲ့ ရက္ခိုင်ပြည် ဂွမြို့နယ်ကို ရွေးတုအစိုးရတပ်က ဇူလိုင်လ ၁ ရက် ညနေ ၄ နာရီခန့်တွင် လေကြောင်းကနေ ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ကြဲ၊ ၄ လုံးပေါ့။ တစ်ယောက်တော့ ထိခိုက် ဒဏ်ရာ ရသွားတယ်” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ ဂျက်ဖိုက်တာနဲ့ ညနေ ၄ နာရီတွင် တစ်ကြိမ်၊ ၄ နာရီ ၇ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကဲ့သို့ ကြဲချခဲ့တဲ့ ဗုံးများဟာ ရက္ခိုင်ပြည် ဂွမြို့နယ် မြို့မရပ်ကွက်နဲ့ သိမ်ကုန်းကွက်သစ်တွင် (၁) လုံး၊ ကင်းရုံရပ်ကွက်က ယခင် ကြံ့ခိုင်ရေးရုံးအဟောင်းဝန်းကျင်တွင် (၃) လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိသွားသူမှာ ရက္ခိုင်ပြည် ဂွမြို့နယ် ကင်းရုံရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် မောင်ကျော်သူ ဖြစ်တယ်လို့ သိရပါတယ်။
Photo-APM

Related posts

လစဉ်အလှူရှင်များရဲ့ အကူညီနဲ့ အိမ်များ ဆက်လက် ဆောက်လုပ်ပေးနေ

Rakhita Times

ကျောက်ကလေရွာကို စကမ ဗုံးကြဲ အမျိုးသမီး ၂ ဦး သေဆုံး၊ နေအိမ်အချို့ ပျက်စီး

Rakhita Times

ကျောင်းကောင်စီအခမ်းနား ပြုလုပ်စဉ် ကျောင်းသူ ၁၉ ဦး နဲ့ ကျောင်းသား ၁ ဦး မူးလဲ

Rakhita Times

Leave a Comment