NewsPolitic

ကျောက်တော်က ရေမြုပ်ခဲ့ သောက်ရေကန်တွေကို ပြန်လည်တူးဖော်

အာရက္ခတိုင်းမ်စ် (၁၇ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့တဲ့ သောက်ရေကန်တွေကို ပြန်လည် အသုံးပြုနိုင်ရန် ပြုပြင် တူးဖော်နေတယ်လို့ သိရပါတယ်။

“၁၅ ရက်နေ့ကစပြီး ကန်နှစ်ကို ရေစုပ်ထုတ်ပြီး နှုန်းတွေကို တူးဖော်တယ်။ ရေငန်နဲ့ နှုန်းတွေဝင်သွားလို့လေ။ ဆက်ပြီးတော့လည်း ရေမြုပ်ခဲ့တဲ့ ကန်တွေကို ဆက်တူဖော်ပေးသွားမယ်။ အချိန်မှီ တူးဖော်ပြုပြင်မှာ မိုးရေရပြီး နွေရာသီအတွက် အဆင်ပြေမှာလေ” လို့ ကျောက်တော်မြို့နယ် ရေဘေးကူညီရေးကော်မတီစင်တာမှ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သောက်ရေကန် ပြန်လည် ပြုပြင် တူးဖော်ပေးခဲ့တဲ့ ကျေးရွာကတော့ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် စပါးဆိပ် (သီရိ) ရွာနဲ့ ရွှေတလှည်းရွာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သောက်ရေကန် ပြုပြင် တူးဖော်မှုကို ကျောက်တော်မြို့နယ် ရေဘေးကူညီရေးကော်မတီစင်တာ မှ တာဝန်ရှိသူများ၊ DLEPS ဌာန၊ မီးသတ်တပ်ဖွဲ့များနဲ့ ရွာသူရွာသားများ စုပေါင်းပြီး လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေမှာ တင်ကျန်ရစ်ခဲ့တဲ့ နှုန်းနဲ့ အမှိုက်တွေကိုလည်း သန့်ရှင်းရေး လုပ်ဆောင်‌ပေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Up To Time

Related posts

ဗိုလ်ချုပ်ပြောတဲ့အတိုင်း ၂၀၂၆-၂၇ အတွင်း ကျန်မြို့တွေကို သိမ်းဖို့ ဒေသခံတွေ လိုလား

Rakhita Times

တောင်ကုတ်တွင် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကျဲသဖြင့် ၅ ဦး သေဆုံး အများအပြားဒဏ်ရာရ

Rakhita Times

ကျောက်ဖြူတိုက်ပွဲတွင် ဒုတိယဗိုလ်မှူးကြီး ၁ ဦး AA စနိုက်ဘာကြောင့် သေဆုံး

Rakhita Times

Leave a Comment