အာရက္ခတိုင်းမ်စ် (၄ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ဂွကမ်းခြေနဲ့ ငပလီကမ်းခြေကို ရွေးတုအစိုးရတပ် စစ်သင်္ဘောပေါ်ကနေ ဒီကနေ့ နေ့လည် ၁၂ နာရီလောက်က စတင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ကလည်း တောက်လျောက်ပစ်တယ်။ အခုလည်း ထပ်ပစ်နေပြန်ပြီ။ မြို့ထဲကတောင် အသံတွေ အတိုင်သား ကြားနေရတယ်” လို့ သံတွဲမြို့နယ်ဒေသခံတ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စက်တင်ဘာလ ၃ ရက်ကလည်း “အာရက္ခဒေသ၊ ဂွ၊ ကျိန္တလီ၊ ဂျိတ်တောမြို့များနှင့် အနီးပတ်ဝန်းကျင်များဖက်သို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများပေါ်မှ ရေကြောင်း တိုက်ခိုက်မှုအား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်၊ နံနက် (၁၁) နာရီ (၀၂) မိနစ်ခန့်မှ စတင် ပစ်ခတ် တိုက်ခိုက်လျက် ရှိသည်” လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ အာရက္ခဒေသ ပြည်သူများအနေနဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြရန် အသိပေးအပ်ပါတယ်လို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။
ဆက်လက်ပြီးတော့ အသေးစိပ် အချက်အလက်များကို ဆက်လက် တင်ပေးသွားပါမယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။
