NewsPolitic

စစ်တွေကနေ လက်နက်မျိုးစုံနဲ့ ရွေးတုတပ် ပစ်ခတ်နေ

အာရက္ခတိုင်းမ်စ် (၄ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့ကနေ လက်နက်မျိုးစုံနဲ့ ပုဏ္ဏားကျွန်း၊ စစ်တွေနဲ့ ရသေ့တောင်မြို့နယ်က ရပ်ရွာတွေကို ရွေးတုအစိုးရက ပစ်ခတ်နေတယ်လို့ သိရပါတယ်။

“၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက် မနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် စစ်တွေမြို့ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး အထိုင်စခန်း ၇ နေရာ၊ သံချပ်ကာတင့်ကား ၂ စီးနဲ့ စစ်တွေမြို့နား ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတချို့ပေါ်က ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်ရှိ ရပ်ရွာတွေကို ပစ်ခတ် တိုက်ခိုက်နေတယ်” လို့ အာရက္ခတပ်တော်က ဒီကနေ့ ညနေမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက်ပိုင်း အစောပိုင်းမှာ စစ်တွေ ရွှေမင်းဂံရေတပ်စခန်း အနီးဝန်းကျင်နဲ့ အမြင့်ကျွန်း အနီးဝန်းကျင်တို့မှာ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရွေးတုအစိုးရတပ်က အထိနာနေတာကြောင့် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာလို့ သိရပါတယ်။

အာရက္ခတပ်တော်က စစ်တွေမြို့ပြင်ရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း နဲ့ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး စစ်တွေအခြေစိုက် ရွေးတုအစိုးရရဲ့ တပ်ရင်း၊ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်က ရက္ခိုင်ပြည်သူများအနေနဲ့ အခုရက်ပိုင်းအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လက်ရှိ စစ်ရေးလှုပ်ရှားနေပုံများကို သုံးသပ်ချက်အရ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် လက်နက်ကြီးရန်များကို အထူးသတိထားကြရန် လေကြောင်းအချက်ပြမှုများကို သတိထား စောင့်ကြည့်ပြီး နိုးနိုးကြားကြားနဲ့ အချင်းချင်း သတိပေးကြရန်နဲ့ လက်နက်ကြီးရန် လေကြောင်းရန်များကို အထူးသတိထားထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။

Related posts

ဆပ်သွားတံတားကို စစ်ကောင်စီမိုင်းခွဲ၊ ကမ်းသာယာကို တပ်ဆုတ်

Rakhita Times

မနှင်းနှင်းဝေ အမှုကို ထိရောက်စွာ အရေးယူပေးဖို့ ပြည်ပရောက်ညီနောင်ပရဟိတအသင်းများတောင်းဆို

Rakhita Times

ကျောက်တော်ဗုံးကြဲခံရမှုတွင် ကလေးအပါအဝင် သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၉ ဦးရှိ

Rakhita Times

Leave a Comment