NewsPolitic

ရက္ခိုင်က စစ်ရှောင်တွေအတွက် မလေးရှားတွင် ရန်ပုံငွေရှာဖွေရေး ဘောလုံးပြိုင်ပွဲ ကျင်းပမယ်

အာရက္ခတိုင်းမ်စ် (၁၈ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်က စစ်ဘေးဒဏ်ကြောင့် အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရတဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ရန်အတွက် မလေးရှားနိုင်ငံရောက် “အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း” နဲ့ “SUNWAY-FC” ဘောလုံးအသင်းတို့ ပူးပေါင်းပြီး ရန်ပုံငွေရှာဖွေရေး ဘောလုံးပြိုင်ပွဲတစ်ခု ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါ ရန်ပုံငွေရှာဖွေရေး ဘောလုံးပြိုင်ပွဲကို လာမယ့် နိုဝင်ဘာလ ၁၀ ရက်တွင် မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို စစ်ဘေးဒုက္ခသည်များရဲ့ စားဝတ်နေရေး လိုအပ်ချက်များကို တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်တဲ့အပြင် “အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း” နဲ့ “SUNWAY-FC” ဘောလုံးအသင်းတို့ရဲ့ (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်ဖက်အသင်းများ ပူးပေါင်းကာ ကျင်းပခြင်းလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲတွင် တစ်သင်းမှာ (၁၁) ယောက်စီနဲ့ စုစုပေါင်း (၂၄) သင်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပထမဆု မလေးရှားရင်းဂစ် ၇,၀၀၀ RM၊ ဒုတိယဆု ၄,၀၀၀ RM၊ တတိယဆု ၃,၀၀၀ RM နဲ့ အထူးဆု (၆) ဆုကိုပါ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိတွင် ရက္ခိုင်ပြည်အတွင်း စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူ သိန်းနဲ့ချီ ရှိနေပြီး စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ် လိုအပ်နေသလို စစ်ကောင်စီရဲ့ စစ်ရှောင်စခန်းများအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်များမှာ လုံခြုံရေးနဲ့ စားဝတ်နေရေး ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်တွင် ငွေထုတ်ခ ဆက်လက် မြင့်တက်နေ

Rakhita Times

ရက္ခိုင်စစ်မြေပြင်မှာ နပခတိုင်းမှူးကိုယ်တိုင် ရာထူးတိုးပေးခဲ့တဲ့ စစ်မှုထမ်း စောသာဝါး သေဆုံး

Rakhita Times

ညသန်းခေါင် ဂျက်ဖိုက်တာနဲ့ ကျောက်တော်ကို ဗုံးကြဲ(Breaking News)

Rakhita Times

Leave a Comment