အာရက္ခတိုင်းမ်စ် (၁၅ နိုဝင်ဘာ ၂၀၂၆)
ဘင်္ဂလားဒေ့ချ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ အာရက္ခတပ်တော် (AA) ရဲ့ ယူနီဖောင်းနဲ့ ဆင်တူတဲ့ ဝတ်စုံတွေ ဝတ်ဆင်ပြီး AA က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေသလို ပြသတဲ့ ဇာတ်တိုက် ဗီဒီယိုတွေ ရိုက်ကူး ဖြန့်ဝေနေတယ်လို့ သိရပါတယ်။
ဒီဗီဒီယိုတွေဟာ AA အပေါ် နိုင်ငံတကာရဲ့ အမြင်ကို လွဲစေဖို့နဲ့ ULA/AA ရဲ့ အုပ်ချုပ်ရေးပုံရိပ်ကို ထိခိုက်စေဖို့ ရည်ရွယ်တာလို့ သိရပါတယ်။
အဆိုပါ ဗီဒီယိုတွေကို လူမှုကွန်ရက်ကနေ အဓိက ဖြန့်ဝေနေတယ်လို့လည်း သိရပါတယ်။
ရက္ခိုင်မြောက်ပိုင်း မောင်တောမှာ ARSA က ဒေသခံတွေကို ပြန်ပေးဆွဲပြီး AA ယူနီဖောင်း ဝတ်ဆင်စေကာ AA တပ်သားတွေကို ဖမ်းမိတယ်ဆိုတဲ့ ဇာတ်တိုက် ဗီဒီယိုတွေ ထုတ်လွှင့်နေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
