NewsPolitic

ဧရာဝတီတွင် ပွိုင့် ၃ ကုန်း ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့လို့ AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၇ ဇွန် ၂၀၂၆)

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ပွိုင့် ၃ ကုန်းကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

“ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနဲ့ ပွိုင့် (၁၄၈) ကုန်း တို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက် သိမ်းပိုက်ရရှိခဲ့တယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

 ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်တွင် ပွိုင့် (၂၈၈) ကုန်း၊ ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်တွင် ပွိုင့် ၁၈၈ ကုန်း၊ ၂၀၂၆ ခုနှစ် ဇွန်လ ၂၁ ရက်တွင် ပွိုင့် ၁၄၈ ကုန်း တို့ကို အသီးသီး သိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါ သိမ်းပိုက်ရရှိခဲ့တဲ့ ပွိုင့်သိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအချိုနဲ့ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

ရွေးတုအစိုးရတပ်ဟာ အမတ ၃၄၄ အမြောက်တပ်နဲ့ ပုသိမ်အခြေစိုက် တပ်ရင်းတွေက ထုတ်နုတ်အင်အား ၄၀၀ ကျော်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာဖြစ်ပြီး ယခု ထိုးစစ်ဟာ ယခု တစ်ကြိမ်မဟုတ်ဘဲ ကြိမ်ဖန်များစွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဖြစ်တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

ရွေးတုအစိုးရတပ်နဲ့ အာရက္ခတပ်တော်တို့ ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအနက် ရက္ခိုင်-ဧရာဝတီအစပ်မှာတိုက်ပွဲတွေဟာ ပိုမိုပြင်းထန်နေခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

ရွေးတုအစိုးရတပ်ဟာ ရက္ခိုင်ပြည် ဂွမြို့နယ်အတွင်းကို ဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတို့ကနေ နည်းအမျိုးမျိုးနဲ့ ထိုးဖောက်ဖို့ ကြိုးစားလျက်ရှိနေပြီး ရက္ခိုင်-ဧရာဝတီ အစပ် နေရာတွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

TNLA စစ်ရေးရှုံးနိမ့်မှု အခြားအဖွဲ့တွေနဲ့ ပူးပေါင်းမှု မလုပ်နိုင်တာကြောင့်လို့ ပြော

Rakhita Times

မင်းပြားမှာ ကလေးငယ်တဦး ရေနစ်သေဆုံး

Rakhita Times

မတူကွဲပြားမှုမှသည် ငြိမ်းချမ်းသာယာသော တိုင်းပြည်သစ်သို့

Rakhita Times

51 comments

Leave a Comment