Politic
Featured Video Play Icon

ရခိုင်က စစ်ဘေးရှောင် ၆ သိန်းကျော်အတွက် အနွေးထည် နဲ့ ခြုံစောင်တွေ လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၂၇-အောက်တိုဘာ-၂၀၂၄)

ရခိုင်က စစ်ဘေးရှောင်တွေ အနေနဲ့ အခုလာမည့်ဆောင်းရာသီကို ဖြတ်ကျော်နိုင်ဖို့အတွက် အနွေးထည် နဲ့ ခြုံစောင်တွေ လိုအပ်နေပါတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။

ရခိုင်တကျော့ပြန် တိုက်ပွဲစတင်ချိန်ကစပြီး လက်ရှိအချိန်ထိ ရခိုင်မှာ စစ်ဘေးရှောင်ဦးရေဟာ ၆ သိန်းကျော်အထိ ရှိနေပြီး အဲဒီစစ်ဘေးရှောင်တွေ အနေ နဲ့ အခုလာမည့်ဆောင်းရာသီမှာ အအေးဒဏ်ကို ကောင်းမွန်စွာဖြတ်ကျော်နိုင်ဖို့အတွက် အနွေးထည် နဲ့ ခြုံစောင်တွေ အရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

ဒီအခြေအနေတွေ နဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်တွေ အနေ နဲ့ ဆောင်းရာသီကို ဖြတ်သန်းနိုင်ဖို့က ဘယ်လိုတွေ လုပ်ဆောင်နေတယ်ဆိုတာကို အာရက္ခတိုင်းမ်စ်သတင်း ဌာနက စာရေးဆရာဝေဟင်အောင်ကို အသေးစိတ်ဆက်သွယ် မေးမြန်းထားပါတယ်။

အပြည့်အစုံကို အင်တာဗျူးတွင် ဝင်ရောက်နားဆင်နိုိုင်သည်။

Related posts

သံတွဲနဲ့ ဂွတွင် မိုးသက်လေပြင်း ပြင်းထန်နိုင်

Rakhita Times

စစ်ကိုင်းတွင် AA ရောက်ရှိနေလို့ မင်းအောင်လှိုင် ကိုယ်တိုင် ဟုမ္မလင်းသွား စည်းရုံးရေးဆင်း

Rakhita Times

စစ်တွေ မကျစေရေး စကမက စစ်ကြောင်း ၃ ခုနဲ့ ခုခံနေ

Rakhita Times

2 comments

Leave a Comment