NewsPolitic

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ၃၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ကျင်းပ

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ၃၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ကျင်းပ

အာရက္ခတိုင်းမ်စ် (၁၂-အောက်တိုဘာ-၂၀၂၄)

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD တည်ထောင်ခြင်း ၃၆ နှစ်ပြည့် အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဒီနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD နဲ့ မိတ်ဖက်ပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေက ဝာာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

“ပါတီနှစ်ပတ်လည်နေ့ကိုတော့ နှစ်စဥ်လုပ်တယ်၊ သိပ်အခမ်းခမ်းနားနား မဟုတ်ရင်တောင် ဆွမ်းကျွေးတာတို့ ပြည်တွင်းမှာလည်း စစ်ရှောင်တွေကို ကူညီပေးကြတာတို့ကို အမြဲတမ်းလုပ်ပါတယ်” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးမျိုးကျော်က ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်မှာ မဲအများဆုံးနဲ့ ရနိုင်ရရှိခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းတာကို ခံခဲ့ရပါတယ်

Related posts

စကမ ဂိတ်အားလုံးက လွှတ်ပေးလိုက်တဲ့ မူးယစ်ဆေးပြား ၃၂ သိန်း ကို AA က ပန်းတောင်းတွင် ဖမ်းဆီးရမိ

Rakhita Times

မကွေးနယ်စပ်ကို အင်အားလာဖြည့်တဲ့ ဗိုလ်ကြီး ၂ ဦး အပါ ၁၂ ဦး အရှင်ဖမ်းမိ

Rakhita Times

မောင်တောတွင် ဒိုင်းနက် ရိုးရာ ပန်းမျှောပွဲ ကျင်းပ

Rakhita Times

6 comments

Leave a Comment