NewsPolitic

စစ်မျက်နှာ ၁၄ ခုမှာ AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ နှစ်နှစ်ကျော် ခုခံတိုက်ခိုက်နေ

အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ချင်းပြည်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ စစ်မျက်နှာ ၁၄ ခုအထိ ဖြန့်ကျက် တိုက်ပွဲဖြစ်နေပြီး အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက နှစ်နှစ်ကျော်ကြာ ခုခံတိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် တိုင်းစစ်ဌာနချုပ် ၅ ခုက တိုင်းမှူးတွေက ကြည်း၊ ရေ၊ လေ အင်အားနဲ့ ထိုးစစ်ဆင်နေပြီး အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ထိုးစစ်အသွင်ပါတဲ့ ခံစစ်ဗျူဟာ (Defensive with Offensive Actions) နဲ့ ရင်ဆိုင်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

စစ်တွေမြို့နယ်အတွင်းကို တပ်မ ၁၀၁ ရောက်လာပြီးနောက် စစ်ကောင်စီက လှုပ်ရှားခံစစ် (Mobile Defense) ကို ပြောင်းခဲ့ပြီး “၄၉၂၆ စစ်ဆင်ရေး” အမည်နဲ့ ဝါဘို၊ ကွမ်းတောင်နဲ့ အမြင့်ကျွန်းဘက်ကို ရုတ်တရက် ထိုးစစ်ဆင်ခဲ့ပါတယ်။

ဒါပေမယ့် AA ရဲ့ တန်ပြန်တိုက်စစ်နဲ့ ထပ်ချပ်လိုက်စစ်ကြောင့် ကြီးမားတဲ့ အကျအဆုံးနဲ့ ဆုတ်ခွာခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ပေါက်တော်ဘက်မှာ ပထမဆုံး ကမ်းတက်ခဲ့တဲ့ ခမရ ၃၅၄ ဟာ အင်အား ထက်ဝက်ကျော် ဆုံးရှုံးခဲ့ပြီး နောက်ထပ်အင်အားတွေ ဖြည့်တင်းလာတာကို အာရက္ခတပ်တော်က ကျွန်းရဲ့ အရှေ့ဘက်ခြမ်း မရောက်စေဖို့ ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့လည်း သုံးသပ်ထားပါတယ်။

ငပြီကျွန်းပေါ်ကို ကမ်းတက်တဲ့စစ်ဆင်ရေးမှာ စစ်ကောင်စီက တပ်မ ၁၀၁ နဲ့အတူ ဒရုန်းစစ်ဆင်ရေးတပ်ရင်း (ဒစရ ၂) ကိုပါ တွဲသုံးလာတယ်လို့ သူက ဆိုပါတယ်။

ပုဏ္ဏားကျွန်းကို ဒုတိယအကြိမ် ထိုးစစ်က ပထမအကြိမ်ထက် ပိုပြင်းထန်လာပြီး မြို့ကို မသိမ်းနိုင်ရင်တောင် ရသေ့တောင်လမ်းဆုံကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာနိုင်တယ်လို့လည်း သုံးသပ် ခန့်မှန်းထားပါတယ်။

Related posts

သိမ်းပိုက်ထားတဲ့ မြို့တွေကို ULA/AA က ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်

Rakhita Times

ငပြီကျွန်းတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီ စစ်သင်္ဘော ၁ စီး မီးလောင်

Rakhita Times

ရမ်းဗြဲကမ်းခြေအနီးကို စစ်င်္ဘော ၂ စီး ကပ်လာလို့ ဒေသခံတွေ စိုးရိမ်နေ

Rakhita Times

Leave a Comment