NewsPolitic

BPLA ခေါင်းဆောင် မောင်ဆောင်းခက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေးနေ့မှာ ဂါရဝပြုစကား လူမှုကွန်ရက်မှာ ရေးသား

အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၆)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တည်ထောင်သူ ခေါင်းဆောင် မောင်ဆောင်းခက အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေးနေ့မှာ ဂါရဝပြုဆုတောင်းလွှာနဲ့အတူ သူ့ရဲ့ အမှတ်တရတွေကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

BPLA ကို စတင်တည်ထောင်စအချိန်က အမည်သတ်မှတ်ရေးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို အကြံတောင်းခဲ့ရာမှာ “အဓိကက အလုပ်တကယ် ဖြစ်မြောက်အောင်မြင်ဖို့ပဲ၊ အောင်မြင်ရင် ဘယ်နာမည်ပဲဖြစ်ဖြစ် ပြည်သူက လက်ခံလာမှာပါ” လို့ အကြံပြုခဲ့ကြောင်း မောင်ဆောင်းခက ပြောကြားခဲ့ပါတယ်။

တပ်စတင်ကာလတွေမှာ BPLA ရဲဘော်အချို့ ရန်သူရဲ့ ခြုံခိုဖမ်းဆီးမှု ခံခဲ့ရစဉ်ကလည်း သတင်းကြားတာနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဗီဒီယိုကော (Video Call) နဲ့ ချက်ချင်းဆက်သွယ်ပြီး အားပေးစကားတွေ ပြောခဲ့တာကို မမေ့ပျောက်နိုင်ကြောင်း မောင်ဆောင်းခက ရေးသားထားပါတယ်။

မောင်ဆောင်းခက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို “ကျန်းမာဘေးကင်းလုံခြုံပြီး လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုရှိတဲ့ အာရက္ခတိုင်းပြည်ကို အမြန်ဆုံး တည်ဆောက်နိုင်ပါစေ” လို့ ဆုတောင်းပေးထားပါတယ်။

Related posts

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက် ၁ ဦးသေဆုံး

Rakhita Times

မင်းတုန်းဘက်ကနေ ရက္ခိုင်ရိုးမတက်ဖို့ စစ်ကောင်စီကြိုးပမ်း၊ သေဆုံးမှုများနေ

Rakhita Times

AA ကိုစိုးရိမ်လို့ စစ်တွေမြို့အဝင်ကို စစ်ဆေးရေး တင်းကြပ်၊ မွတ်ဆလင်တွေကို မြို့ဝင်ခွင့်မပေး

Rakhita Times

Leave a Comment