NewsPolitic

စစ်တွေ ရေတပ်စခန်းဌာနချုပ်နေရာ လက်နက်ကြီးကျ

Breaking News
အာရက္ခတိုင်းမ်စ် (၈ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ရေတပ်စခန်းဌာနချုပ်လုပ်ခဲ့တဲ့ နေရာကို လက်နက်ကြီး ကျရောက်ခဲ့တယ်လို့ စစ်တွေမြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၈ရက်နေ့ နေ့လည်ခန့်မှာ လက်နက်ကြီး ကျရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့ နေ့ခင်း ၁၂ နာရီခွဲနဲ့ ၁ နာရီကြားမှာ ဘယ်ကပစ်လိုက်တဲ့ လက်နက်ကြီးလဲ မသိဘူး။ အဲဒီဟာက စစ်တွေရေတပ်စခန်းဌာနချုပ် လုပ်ခဲ့တဲ့ နေရာကို ကျတယ်” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်တော်သာရပ်ကွက်မှ ပြည်သူတစ်ယောက်က ပြောပါတယ်။

စစ်တွေမြို့ပြင်နဲ့ စစ်တွေမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ မကြာခဏ အပြန်အလှန် ပစ်ခတ်တာတွေ ရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ငြိမ်နေခဲ့ပြီး ယခု ဖေဖော်ဝါရီ ဒုတိယပတ်မှာ ပြန်ပြီးတော့ ပစ်ခတ်တာတွေ ဖြစ်လာတယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်အတွင်းက မြို့နယ် ၁၄ခုကို သိမ်းပိုက်ထားပြီး စစ်တွေမြို့ကိုလည်း ထိုးစစ်ဆင်ဖို့ ဝန်းရံထားသလို စစ်ကောင်စီကလည်း စစ်တွေမြို့က စစ်ရေးဆိုင်ရာ အကြီးပိုင်းတွေကို လဲလှယ်တာတွေ အင်အားဖြည့်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

Related posts

အာရက္ခမျိုးဆက်သစ် လူငယ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကို ပြင်းထန်စွာ တုံ့ပြန်မယ်လို့ AA သတိပေး

Rakhita Times

ရေကြည်မှာ စစ်ရေးရှုံးနိမ့်နေလို့ ကွင်းကောက်ကို ရွေးတုအစိုးရ စစ်ကား ၁၀ စီး အင်အားဖြည့်တင်း

Rakhita Times

စစ်တကောင်းကျောင်းသားသမဂ္ဂ နဲ့အတူ ရပ်တည်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဆန္ဒထုတ်ဖော်

Rakhita Times

2 comments

Leave a Comment