NewsPolitic

ကျောက်ဖြူ ကြက္တိန်ရွာကို ဗုံး ၄ ကြိမ်လာကြဲ၊ နေအိမ် နဲ့ ဆန် အများအပြား ပျက်စီး

အာရက္ခတိုင်းမ်စ် (၁၃ မတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ ကြက္တိန်ရွာကို စစ်ကောင်စီက ဒရုန်းနဲ့လာရောက်ပြီး ဗုံး ၄ ကြိမ် တိုင်တိုင် ကြဲချလို့ နေအိမ် နဲ့ ပြည်သူတွေရဲ့ ဆန် အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ကြက္တိန်ရွာကို မတ်လ ၇ ရက် နေ့လည် ၁ နာရီခွဲခန့်က ဗုံး ၂ လုံး ကြဲချလို့ အိမ် ၂၇ လုံး နဲ့ ဆန်တောင်း ၅၀၀၀ ကျော် ပျက်စီးခဲ့ပြီး မတ်လ ၉ ရက် နေ့လည် ၁ နာရီခွဲခန့်ကလည်း ဒရုန်း ၂ စီး နဲ့ ဗုံးလုံး ထပ်မံကြဲချလို့ အိမ် ၁၄ အိမ် နဲ့ ဆန်တောင်း ၄၀၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။

အလားတူ မတ်လ ၁၁ ရက် မနက် ၁၀ နာရီလောက်တွင် ဒရုန်းနဲ့ ထပ်မံကြဲလို့ အိမ် ၄ အိမ် နဲ့ ဆန်တောင်း ၁၀၀၀ နီးပါး ထပ်မံ ပျက်စီးခဲ့ပြီး မတ်လ ၁၂ ရက် နေ့လည် ၁၂ နာရီကျော်တွင် ဒရုန်းနဲ့ ဗုံး ၂ လုံး ထပ်မံ ကြဲချလို့ ဘုန်းတော်ကြီးကျောင်း နဲ့ ဓမ္မာရုံတို့ ပျက်စီးခဲ့ပါတယ်။

“ ဓညဝတီရေတပ်ဌာနချုပ်ကနေပြီးတော့ ဒရုန်းတွေလွှတ်ပြီး ဗုံးကြဲတာ၊ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို ရည်ရွယ်ချက်ရှိရှိကို ဖျက်စီးနေတာ။ မစားရတဲ့အမဲ သဲနဲ့ ပတ်တာပေါ့ဗျာ” လို့ ကျောက်ဖြူဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီက ၄ ကြိမ်တိုင်တိုင် ကြက္တိန်ရွာကို ဗုံးကြဲခဲ့တာကြောင့် လူနေအိမ် ၄၅ အိမ် ပျက်စီးခဲ့ပြီး ပြည်သူပိုင် ဆန်တောင်း ၁၀၀၀၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Related posts

စကမ ထိန်းချုပ်ထားတဲ့ မြို့သုံးမြို့မှာ ကြက်သွန်အပြင် စက်သုံးဆီပါ ဈေးမြင့်နေ

Rakhita Times

မြောက်ဦးတွင် ရှေးဟောင်း ရွှေထည်ရတနာများနဲ့ ရက္ခိုင်ဘုရင် လက်ထက် ငွေဒင်္ဂါး ၁၅၀ ခန့် တွေ့ရှိ

Rakhita Times

ရက္ခိုင်တွင် ရွေးကောက်မဖြစ်နိုင်

Rakhita Times

11 comments

Leave a Comment