NewsPolitic

ကုလားတန်မြစ်အတွင်း ရေဆင်းကူးတဲ့ ကလေးနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးရုပ်အလောင်းသာ တွေ့ရှိသေး

အာရက္ခတိုင်းမ်စ် (၁၇ ဇွန် ၂၀၂၆)

ကုလားတန်မြစ်အတွင်း ရေဆင်းကူးတဲ့ ကလေးနှစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးရဲ့ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျောက်ဆိပ်ကျေးရွာမှာ ဇွန်လ ၁၅ ရက်၊ ညနေ ၃နာရီတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် (၁၃) နှစ်အရွယ် မဝင်းမြတ်သူနဲ့ အသက် (၁၂) နှစ်အရွယ် မသန်းအေးနွယ်တို့ ရေနစ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ ရေဆင်းကစားတာကနေ မျောပါသွားတာဗျ။ ကျန်တစ်ယောက်ကို ရှာနေတုန်းပါ” လို့ အဆိုပါ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အသက် ၁၃နှစ်အရွယ် မဝင်းမြတ်သူရဲ့ ရုပ်အလောင်းကိုတော့ မနေ့က ညနေ ၆နာရီလောက်မှာ ရှာတွေ့ခဲ့ပြီး ၁၂ နှစ်အရွယ် မသန်းအေးနွယ်ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ ဇွန်လ ၁၇ ရက်၊ မွန်းလွဲပိုင်းအချိန်ထိ ရှာဖွေနေဆဲ ဖြစ်တယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးရဲ့ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်၊ မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်မှာလည်း ကူတောင်ရွာကနေ ကျောက်တော်မြို့ကို စျေးလာဝယ်တဲ့ ခရီးသည်ဘုတ်တစ်စီးဟာ ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင် ကြိုးတံတားအနီး စမ်းပတီးချောင်းထဲမှာ နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၃၀ ကျော်ပါရှိသည့်အနက် အမျိုးသား ၆ ဦး နဲ့ အမျိုးသမီး ၅ ဦး သေဆုံးခဲ့တယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းထံက သိရပါတယ်။

ဓာတ်ပုံ-ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး

Related posts

သံတွဲ စစ်ရှောင်တွေအတွက် ဆန်အလှူရှင်များ လိုအပ်နေ

Rakhita Times

တရုတ်သာ မြောက်ပိုင်း သုံးဖွဲ့နဲ့ PDF တို့ကို မဖြိုခွဲရင် စကမ အမြန်ကျဆုံးနိုင်

Rakhita Times

သံတွဲ ကြံ့ခိုင်ရေး နှင့် စစ်သားစုဆောင်းရေးရုံး ကို စစ်ကောင်စီ ဗုံးကျဲ၊ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

Leave a Comment