NewsPolitic

ရသေ့တောင် ကူတောင်ရွာကို ဗုံးကြဲ၊ ခင်ပွန်းသေဆုံး ဇနီးဖြစ်သူ ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်းရှိ ကူတောင်ကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃၀ ရက် ညအချိန်တွင် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ခင်ပွန်းဖြစ်သူ သေဆုံးပြီး ဇနီးဖြစ်သူမှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်လို့ သေဆုံးသွားသူမှာ အသက် ၅၁ နှစ်အရွယ် ဦးအောင်ထွန်းသိန်း (ခ) ဒူးကြီး ဖြစ်ပြီး ဒဏ်ရာရရှိသူက‌တော့ အသက် (၄၁) နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ဝင်းနု ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၃၀ ရက်၊ ည ၁၀ နာရီအချိန်တွင် ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း ကူတောင်ကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့ရာ ကူတောင်ကျေးရွာအနီးဝန်းကျင်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ရပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၃၀ ရက် ညအချိန်က နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေတဲ့ စစ်တွေမြို့နဲ့ ဆက်စပ်နေတဲ့ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းနဲ့ ဝီရဋ္ဌာနီမြို့တွေကိုလည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဟာ ကျောက်တော်မြို့ရှိ လူမျိုးဘာသာမရွေး ဈေးရောင်းဝယ်ဖောက်ကားရာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးတစ်ဝိုက်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင် မိခင်များအပါအဝင် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး၊ ထိခိုက် ဒဏ်ရာရရှိသူ ၅၀ ကျော်အထိ ရှိခဲ့ပါတယ်။
Photo – One Nation News (ဓာတ်ပုံများကို အာရက္ခတိုင်းမ်စ် Telegram Channel တွင် ကြည့်ရှုနိုင်ပါသည်)

Related posts

ကျောက်ဖြူတွင် စကမ နေဗီက လက်နက်ကြီးပစ်လို့ အရပ်သားတဦး သေဆုံး

Rakhita Times

ရွေးကောက်ပွဲ စစ်ကောင်စီပြောတာ အာမခံချက် ရရှိထားတာကြောင့် ဖြစ်နိုင်

Rakhita Times

ခရစ်ယာန် နယ်စီးသာသနာပိုင်ကြီး ကွယ်လွန်ခြင်းအပေါ် AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

Leave a Comment