NewsPolitic

တပတ်အတွင်း ရက္ခိုင်က မြို့ ၃ မြို့ ကို စကမ ဗုံးကြဲ၊ သံဃာအပါအဝင် ပြည်သူ ၁၄ ဦး ဒဏ်ရာရ ၁ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၀ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည်က မြို့ ၃ မြို့ကို စစ်ကော်မရှင်က လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ သံဃာတော်အပါအဝင် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၉ ရက် နံနက် ၁၀ နာရီနဲ့ နေ့လယ် ၁၂ နာရီခွဲတွင် မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းဗုံးကြဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ ဗုံးကြဲမှုကြောင့် ကျောက်ဆည်ပြင်ကျေးရွာက ဘုန်းတော်ကြီးကျောင်း၊ သာသနိက အဆောက်အအုံများနဲ့ လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရပြီး စာသင်နေကြတဲ့ စာသင်သား သံဃာတော်များ အပါအဝင် ပြည်သူ စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားသူတို့မှာ အသက် ၁၀ နှစ်အရွယ် မောင်ဝေယံစိုး၊ အသက် ၁၃ နှစ်အရွယ် ရှင်စန္ဒိမာ (မောင်ဝေယံလင်း)၊ အသက် ၁၈ နှစ်အရွယ် မောင်ဇော်မျိုးဦး၊ အသက် ၁၉ နှစ်အရွယ် မနီနီစိုး၊ အသက် ၁၉ နှစ်အရွယ် ရှင်ဣန္ဒက၊ အသက် ၂၀ အရွယ် မောင်ညီဇော်လင်း၊ အသက် ၂၃ နှစ်အရွယ် မောင်ဌေးဝင်း၊ အသက် ၃၀ အရွယ် ရှင်စန္ဒ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်မလှ၊ အသက် ၄၄ နှစ်အရွယ် ဦးမောင်သိန်းထွန်း၊ အသက် ၆၀ အရွယ် ဦးမောင်ဦးစိန်၊ အသက် ၆၃ နှစ်အရွယ် ဦးမောင်သာကျော် နဲ့ အသက် ၆၆ နှစ်အရွယ် ဦးမောင်သာဖြူတို့ပဲ ဖြစ်ပါတယ်။

အလားတူ နံနက် ၁၀ နာရီကနေ ၁၀ နာရီခွဲအထိ စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်ကျေးရွာရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး (နတလ) သင်တန်းကျောင်းနဲ့ ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းပိုင်းရပ်ကွက်၊ လျှပ်စစ်ဓာတ်အားပေး/မီးခွဲရုံ တို့ကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ၇ ကြိမ်တိုင်တိုင် ရှေ့ဆင့် နောက်ဆင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် မီးခွဲရုံ မီးလောင်ကျွမ်းသွားခဲ့ပြီး ရွာဟောင်းပိုင်းရပ်ကွက်တွင် လူနေအိမ် ၆ လုံး ပျက်စီးကာ ပြည်သူတဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ နေ့လည် ၁၂ နာရီခန့်တွင်လည်း စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့ နယ် ငှက်ကြီးကျွန်းကျေးရွာကို ဂျက်ဖိုက်တာတစီးနဲ့ တကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတဦး ထိခိုက် သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။ စိတ်မချမ်းမြေ့စရာ ဓာတ်ပုံများ ပါဝင်ပါတယ်။

Related posts

ကျိန္တလီကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကလေးငယ် ၁ဦး အပါ ၂ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

Rakhita Times

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာန တိုက်တွန်း

Rakhita Times

တောင်ကုတ်မြို့နယ် တစ်ခုလုံးကို AA အပြီးသတ် သိမ်းပိုက်

Rakhita Times

2 comments

KennethLoory စက်တင်ဘာ 6, 2026 at 12:57 မနက်

Если человек пьет несколько лет, кодирование обычно рассматривается в комплексе с другими лечебными мероприятиями. Даже самый современный метод не устраняет автоматически психологические причины алкоголизма, привычки и внутреннего стремления вернуться к спиртному. Поэтому лечение зависимости нередко продолжают с психологом или психотерапевтом, а родственникам объясняют, как правильно оказывать поддержку близкому без давления и конфликтов.
Ознакомиться с деталями – кодирование от алкоголизма выезд на дом

Reply
Ernestdeern စက်တင်ဘာ 9, 2026 at 5:16 ညနေ

Часть помощи может оказываться на дому. При тяжелой интоксикации лечение продолжают в стационаре, где персонал наблюдает больного круглосуточно. Детоксикационная программа может занимать несколько часов или дней. У человека с зависимостью 10 лет, 15 лет, 20 лет и более восстановление нередко проходит медленнее. Затем врач обсуждает кодирование и выбирает подходящий метод лечения.
Ознакомиться с деталями – кодирование от алкоголизма цены

Reply

Leave a Comment