EducationNewsPolitic

မန္တလေးတိုင်းက ငလျင်သင့် ကျောင်းသားတွေ ကျောင်းတက်နိုင်ရန် ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့မည်

အာရက္ခတိုင်းမ်စ် (၈ မေ ၂၀၂၅)

မန္တလေားတိုင်းဒေသကြီးမှာ အင်အားပြင်းငလျင်ကြောင့် ကျောင်းမအပ်နိုင်တော့တဲ့ ကျောင်သား ကျောင်းသူတွေကို ကျောင်းပြန်တက်နိုင်အောင် Rotary Club Of Mandalay က ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာ Grade 1 နဲ့ Grade 2 ကို တက်ကြရမဲ့ ကလေးတွေထဲမှာ ငလျင်ဘေးသင့်ထားတဲ့ ကလေး ၂၁၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်းက အမရပူရမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေခရိုင်၊ တံတားဦးမြို့၊ ကျောက်ဆည်မြို့နဲ့ ပျော်ဘွယ်မြို့ တွေက ကျောင်းပြန်တက်ကြမယ့် ကလေးတွေအတွက် ထောက်ပံ့ဖို့ စီစဥ်ထားတာဖြစ်တယ်လို့ Rotary Club OF Mandalay ဥက္ကဌ ဒေါက်တာ နိုင်ဝင်းထက်က ပြောပါတယ်။

“ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းပြန်မတက်ဖြစ်မှာ စိုးရိမ်လို့ ကျောင်းပြန်တက်ဖို့ တွန်းအားပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဥ်ကို လုပ်တာပါ။ မန္တလေးတိုင်းက ကျောင်းသား/သူ အရေအတွက် ၂၁၀၀၀ အထိ ထောက်ပံ့ဖို့ မျှော်မှန်းထား‌ပေမဲ့ အလှူငွေ ရရှိတဲ့အပေါ် မူတည်ပြီးတော့ ထောက်ပံ့မှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ တံတားဦးနဲ့ အမရပူရကနေ ၅၀၀၀ စာ စပြီး ထောက်ပံ့မှာ ဖြစ်တယ်။ ကျွန်တော်တို့က တစ်နှစ်ပတ်လုံးတော့ မထောက်ပံ့နိုင်သေးပါဘူး ။အခက်အခဲတွေ များနေပါသေးတယ်” လို့ ဒေါက်တာနိုင်ဝင်းထက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ငလျင်ကြောင့် မိဘတစ်ယောက် သို့မဟုတ် နှစ်ယောက်လုံး ဆုံးရှုံးသွားတဲ့ ကလေးတွေ၊ မိဘတွေ စီးပွါးရေး ဆုံးရှုံးသွားတဲ့ ကလေးတွေ၊ ကိုယ်တိုင်ထိခိုက် ဒဏ်ရာ ရသွားတဲ့ ကလေးတွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ကလေးတွေ အများကြီး ရှိခဲ့ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားကြတဲ့ ကလေးတွေ ကျောင်းပြန်တက်နိုင်ဖို့အတွက် ဦးစားပေးသွားမယ်လို့လဲ သိရပါတယ်။

ကလေးတစ်ဦးကိုလဲ ငွေကျပ် ၅၀၀၀၀ နှုန်းနဲ့ အလှုငွေထည့်နိုင်တယ်လို့လဲ သိရပါတယ်။

Related posts

ရွေးကောက်ပွဲ စစ်ကောင်စီပြောတာ အာမခံချက် ရရှိထားတာကြောင့် ဖြစ်နိုင်

Rakhita Times

ညောင်ကျိုးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူး ဝေယံလင်း နဲ့ ရက္ခိုင် သရုပ်ဆောင် နေတိုးကို စကမ ဂုဏ်ထူးဆောင်ဘွဲ့ပေး

Rakhita Times

ကျောက်ထုနယ်မြေကို စကမက စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးနိုင်

Rakhita Times

199 comments

Leave a Comment