NewsPolitic

KIO ဥက္ကဌကို တရုတ်က ထိန်းသိမ်းထားတယ်လို့ သတင်းထွက်ပေါ်

အာရက္ခတိုင်းမ်စ် (၉ ဇူလိုင် ၂၀၂၅)

KIO အစိုးရ ဥက္ကဌ ဆလန်ကဘာ အင်ဘန်လကို တရုတ်အစိုးရက အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဇူလိုင် ၇ ရက် ညနေက စတင်ကာ သတင်းထွက်ပေါ်လာပါတယ်။

“ တရုတ်အစိုးရကနေ KIO ဥက္ကဌ ဆလန်ကဘာ အင်ဘန်လကို အစည်းအဝေးခေါ်တွေ့ပြီး မပြန်ခိုင်းတဲ့အနေအထားလို့ ပြောသံကြားတယ် ၊ ပြောရမယ်ဆိုရင် အကျယ်ချုပ်ဖမ်းဆီးထားတယ် ထင်တယ် ၊ သေချာတော့မသိသေးဘူး ၊ ဗန်းမော်ကို ထိုးစစ်ရပ်ဖို့ တရုတ်အစိုးရက ဖိအားပေးပြောနေတယ်လို့ ကြားတယ်၊ စစ်​ကောင်စီနဲ့ တရုတ်အစိုးရက ဘာ​တွေ အ​ပေးအယူလုပ်ထားကြလဲ​တော့ စုံစမ်းဖို့လိုတယ် ” ဟု ဦးဇေဒေါင် ( အမည်လွှဲ ) က ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်က KSSM (The Kachin Sub-State Media’s post) သတင်းဌာကို ပြောကြားခဲ့ပါတယ်။

KIO အစိုးရ ဥက္ကဌ ဆလန်ကဘာ အင်ဘန်လကို တရုတ်အစိုးရက အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းထားခြင်း ရှိမရှိကို KIO ဘက် တစ်စုံတရာ ထုတ်ပြန်လာခြင်း​တော့မရှိ​သေးပါဘူး။

ရှမ်းပြည် လားရှိုးမြို့ ဆင်နှစ်​ကောင်ဟိုတ​ယ်တွင် တရုတ်အစိုးရက သိန်းနီမြို့ကို စစ်ကောင်စီကိုပြန်​ပေးရန် ကိုးကန့် MNDAA ကို ဖိအား​ပေး​ပြောဆိုခဲ့တဲ့သတင်း ထွက်ပေါ်လာပြီး​နောက် လားရှိုးမြို့ပြင်တွင် နှစ်ဖက်တပ်များ အပြန်အလှန် အင်အားဖြည့် စစ်​ရေးလှုပ်ရှားမှုများရှိလာနေပါတယ်​။

မှတ်ချက် – The Kachin Sub-State Media’s post သည် KIO သတင်းများကို ဖော်ပြနေတဲ့ ပြန်ကြားရေးဖြစ်ပါတယ်။

Related posts

ဆရာ ဝေဟင်အောင်နဲ့အဖွဲ့က မြောက်ဦးဆေးရုံဖြစ်စဉ်အတွက် ကျပ်သိန်း ၄၁၀၀ လှူဒါန်းပေးခဲ့

Rakhita Times

နတ်ရေကန်စစ်မျက်နှာတွင် လာသမျှတပ်မတွေကို AA စစ်ဦးချိုးနိုင်ခဲ့

Rakhita Times

ကျောက်ဖြူမှာ တိုက်ပွဲ ပြန်ပြင်းထန်၊ အဝတောင်ဘက်က ကာကင်းစခန်းအချို့ AA သိမ်းပိုက်

Rakhita Times

268 comments

Leave a Comment