NewsPolitic

ဖြူဖြူကျော်သိန်း ရက္ခိုင်ပြည်သူတွေအတွက် သိန်းတထောင် နဲ့ တသိန်း လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၈ ဇူလိုင် ၂၀၂၅)

အဆိုတော် အနုပညာရှင် ဖြူဖြူကျော်သိန်းဟာ သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အနုပညာဖျော်ဖြေပွဲကနေရရှိခဲ့တဲ့ ငွေကြေးထဲက သိန်း တထောင် နဲ့ တသိန်းကို HDCO ကတဆင့် ရက္ခိုင်ပြည်သူတွေအတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ရက္ခိုင်ဒေသအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းသော လူသားချင်းစာနာမှု ရန်ပုံငွေ – ကျပ်သိန်းပေါင်း ၁ ထောင် နှင့် တစ်သိန်း ( Phyu Phyu in Sydney & Phyu Phyu in Melbourne စုပေါင်း လှူငွေ )” လို့ ဖြူဖြူကျော်သိန်းက သူမရဲ့ လူမှုကွန်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဖြူဖြူကျော်သိန်းဟာ ကျန်းမာရေးအခြေအနေတွေရှိနေပါလျှက် ကိုယ်ကျိုးမပါ အခွင့်ထူးမခံပဲ တော်လှန်ရေးတစ်ခုထဲအတွက် လူအင်အား စိတ်အင်အားနှစ်ပြီး အစွမ်းကုန်ဖျော်ဖြေကာ တော်လှန်ရေးရံပုံငွေပါမက တော်လှန်ပြည်သူလူထုကို စိတ်ခွန်အားတွေပါ ထည့်ပေးခဲ့တဲ့အတွက် ဖြူဖြူကျော်သိန်းကို ထပ်မံကျေးဇူးအထူးတင် လေးစားဂုဏ်ယူမိပါကြောင်း ဖော်ပြလိုပါတယ်လို့ ပွဲကျင်းပရေးအဖွဲ့တွေ ချီးကျူးဂုဏ်ပြုထားပါတယ်။

ရက္ခိုင်စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးတဲ့အပေါ် HDCO ကလည်း “Phyu Phyu In Australia Tour ရဲ့ လူသားအချင်းချင်း စာနာထားရှိတဲ့ မေတ္တာတရားကို ဂုဏ်ပြုမှတ်တမ်း တင်ပါတယ်” လို့ ရေးသားထားပါတယ်။

Phyu Phyu in Sydney နဲ့ Phyu Phyu in Melbourne ၂ ပွဲပေါင်းကနေ သိန်း ၅၀၀၀ ကျော် ထောက်ပို့ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

မလကျွန်းရွာသားအားလုံးကို စစ်ကောင်စီဖမ်းဆီးထား

Rakhita Times

တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကော်မရှင်ကြောင့် ရက္ခိုင်က ကလေးငယ် ၁၈၄ ဦး သေဆုံးခဲ့

Rakhita Times

AA က လူမျိုးတမျိုးအစား တပြည်နယ်လုံး အားထားရသူ ဖြစ်အောင် ကြိုးစားလာနေ

Rakhita Times

Leave a Comment