NewsPolitic

AA ထိုးစစ်ခုခံရန် စစ်ကောင်စီက လေးမျက်နှာက စစ်ရှောင်တွေကို လူသားဒိုင်းလုပ်နေ

အာရက္ခတိုင်းမ်စ် (၂၂ စက်တင်ဘာ ၂၀၂၆)

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ ထိုးစစ်ကို ခုခံရန်အတွက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ကွင်းကောက် အရှေ့ဘက်ခြမ်းက ကျေးရွာတွေအတွင်း လက်မခံဖို့ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ရေးတာဝန်ရှိသူတွေက ဖိအားပေး တားမြစ်ထားပါတယ်။

ဒီလို တားမြစ်ထားတာကြောင့် တခြားဒေသမှာ အိမ်ထောင်ကျနေတဲ့ အမျိုးသမီးတွေတောင် မိခင်ဖြစ်သူတို့ရဲ့ နေအိမ်တွေကို ပြန်လည်နေထိုင်ခွင့် မရကြဘူးလို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေကို ကွင်းကောက် တောင်ဘက်ကမ်းမှာရှိတဲ့ ကျောက်စိမ်းဘုရားဝန်းအတွင်းမှာ စုစည်းခိုင်းထားပြီး အချို့ဆိုရင် အမိုးအကာမရှိဘဲ အခက်အခဲပေါင်းများစွာနဲ့ စခန်းချ နေထိုင်နေကြရတာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၃ စီးခန့်ဟာ ဒေသအတွင်း နိမ့်နိမ့်ပျံသန်းနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲခံရမှာကို ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ကျောက်စိမ်းဘုရားဟာ စစ်ရေးတင်းမာနေတဲ့နေရာ၊ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ နီးတာကြောင့် စစ်ကောင်စီတပ်က သူတို့ကိုသူတို့ ကာကွယ်ဖို့ ပြည်သူတွေကို “လူသားဒိုင်း” အဖြစ် အသုံးပြုနေတာ သိသာတယ်လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိအချိန်ထိတော့ စစ်ဘေးရှောင်တွေအတွက် ဘာကူညီထောက်ပံ့မှုမှ မရရှိသေးဘဲ “ပြည်သူမှ ပြည်သူသို့” အချင်းချင်း ကူညီထောက်ပံ့မှုတွေနဲ့ပဲ ရုန်းကန်နေကြရပါတယ်။

Related posts

KNDF ပထမအကြိမ် ညီလာခံကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် အွန်လိုင်းက တက်ရောက်

Rakhita Times

သာပေါင်းတိုက်ပွဲတွင် စကမတပ်သား တရာကျော်သေဆုံးနေ

Rakhita Times

မင်းပြားတွင် အမျိုးသား တဦး ရေနစ်သီဆုံး

Rakhita Times

Leave a Comment