NewsPolitic

ပုဏ္ဏားကျွန်း ကုလားချောင်းရွာ ဗုံးကျ ပေါက်ကွဲလို့ ပြည်သူတစ်ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၂ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာကို စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားသူကတော့ ကုလားချောင်းရွာမှာ နေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးစောသိန်း ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၀ ရက် ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ကုလားချောင်းရွာထဲကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချခဲ့တာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီဗုံး ၂ လုံးအနက် ၁ လုံးဟာ ဦးစောသိန်းရဲ့ နေအိမ်တည့်တည့်ကို ကျရောက် ပေါက်ကွဲခဲ့လို့ ဗုံးစထိမှန်ပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ရတာ ဖြစ်သလို ကျန် ဗုံး ၁ လုံးကြောင့်လည်း အနီးအနားက နေအိမ် အများအပြား ပြိုကျ ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် အဲဒီနေ့ နံနက် ၁၀ နာရီကျော်ကလည်း ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းဘက်ကို စစ်တွေအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဇီးကိုင်းရွာက သားအမိ ၂ ဦး သေဆုံးခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်ဟာ ပုဏ္ဏားကျွန်းနဲ့ စစ်တွေ တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဝီရဌာနီ မြို့နယ်တွေက အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး ဆက်တိုက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Related posts

ဝီရဌာနီက ဒေသခံတချို့ စစ်ကောင်စီတပ် လေကြောင်းရန်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရ

Rakhita Times

ရေသန့်ထုတ်လုပ် ရောင်းချသူများ လိုက်နာရန် စည်းကမ်းများ ULA ရဲ့ FDA ဌာန ထုတ်ပြန်

Rakhita Times

သက်ငယ်မုဒိန်းကျူးလွန်သူကို အကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ မြောက်ဦးလူငယ်များအစည်းအရုံး တောင်းဆို

Rakhita Times

Leave a Comment