NewsPolitic

စစ်ကောင်စီရဲ့ လေကြာင့်တိုက်ခိုက်မှုကြောင့် ဇိုင်ချောင်းရွာ ဆရာတော်ကြီး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ရွာကို ဒီနေ့မနက် ၁၂ နာရီ ၁၀ မိနစ်ခန့်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင်နေတဲ့ ဇိုင်ချောင်းရွာ ဆရာတော်ကြီး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဆရာတော်ဟာ ဇိုင်ချောင်းရွာကျောင်းထိုင် ဆရာတော်ကြီး အသျှင် အာစိဏ္ဏ သက်တော် ၉၃ နှစ် ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၂ ရက် မနက်အစောတွင် စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ကျောက်ပြောက်ရွာက ဘုန်းတော်ကြီးကျောင်းကို ဗုံး ၂ လုံး ကျဲချခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ ကျဲချလိုက်တဲ့ ဗုံးဒဏ်ကြောင့် ကျောက်ပြောက်ရွာ ဘုန်းတော်ကြီးကျောင်းရှိ ဘုရားကျောင်းခန်း နဲ့ ဓမ္မာရုံတို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

Related posts

သံတွဲ ခမောင်းတုန်းရွာကို စစ်ကောင်စီ ဗုံးကျဲ၊ ဘုန်းတော်ကြီးကျောင်းပျက်စီး၊ ကျောင်းထိုင်ဆရာတော် နဲ့ ကိုရင်တစ်ပါး ဒဏ်ရာရ

Rakhita Times

စစ်တွေတွင် အမျိုးသမီး ၁ ဦး အပါ ဒေသခံ ၃ ဦး စစ်ကောင်စီ ဖမ်းဆီး

Rakhita Times

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာအချို့ (၂)

Rakhita Times

1,066 comments

Leave a Comment